AB News – ဧပြီ ၁၃၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းရွာကို ယနေ့ ဧပြီလ ၁၃ရက်၊ နေ့လယ် ၁၂ နာရီခန့်အချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ညောင်းကုန်းရွာမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးအချို့နှင့် ကားအချို့ ပျက်စီးသွားကြောင်း သိရှိရသည်။
ထို့အပြင် ညောင်းကုန်းရွာမှ ဆီလုပ်ငန်းခွင်နေရာများကို လေကြောင်းဖြင့် သုံးကြိမ် ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ရက်နှင့် ၁၁ရက်နေ့တွင်လည်း စစ်ကောာင်စီက ကောလင်းမြို့နယ်မှ အင်ပင်လှရွာ၊ လျှော်ဖြူကုန်းရွာနှင့် သဲချောင်းရွာသစ်တို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ – Kawlin Revolution(KR)