သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့အနီးသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်၊ ဇူလရွာမီးလောင်နေ
နိုဝင်ဘာလ ၃ ရက်နေ့ ည ၇ နာရီကျော်တွင် မောင်တောမြို့အနီး ဇူလ မူဆလင်ကျေးရွာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မီးလောင်နေသည်ကို အဝေးမှ မြင်ရစဥ်/ABN

AB News – နိုဝင်ဘာ ၃ ၊ ၂၀၂၄

အာဏာသိမ်းစစ်ကောင်စီက မောင်တောမြို့ နခခ ၅ အနီးသို့  ဂျက်တိုက်လေယာဥ်​ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့၍  ဇူလ မူဆလင်ကျေးရွာ မီးလောင်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ နိုဝင်ဘာလ ၃ ရက်၊ ည ၇နာရီတွင် မောင်တောမြို့အနီးတစ်ဝိုက်နှင့် ဇူလ မူဆလင်ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AB News သတင်းထောက် ၁ ဦးက ယနေ့ ည ၇နာရီ ၁၅ မိနစ်တွင်ပြောသည်။

” ဂျက်နဲ့ ၂ ကြိမ်ဗုံးချတယ်။ ဇူလရွာမှာ ၁ လုံးကျရောက်ပေါက်ကွဲတယ်။ မီးလောင်နေတယ်။ နောက် ၁ လုံးက ပန်းတောပြင်ဘက်လောက်ကျမယ်ထင်ပါတယ်”ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီး​သည် ယနေ့ည ၇ နာရီမှ ၇နာရီ ၅ မိနစ်အထိ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ ပစ်ခတ်ခဲ့သည်။

ယနေ့ ၊ နံနက်ပိုင်း ၁၀ နာရီ ၁၇ မိနစ် နှင့် ၁၀ နာရီ ၂၂ မိနစ် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီက မောင်တောမြို့၊ နခခ ၅ တပ်ရင်းအနီးကို Jet Fighter တစ်စီးဖြင့် Cluster ဗုံးဟု ယူဆရသည့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဇူလရွာမှနေအိမ်အများအပြား မီးလောင် ပြာကျသွားခဲ့ရသည့်အပြင် နခခ ၅ ခြံစည်းရိုး ၂ ထပ် ပျက်စီးသွားခဲ့ကြောင်းသိရသည်။

ဇူလရွာနှင့် နခခ ၅ သည် ၄ ဖာလုံခန့်ကွာဝေးကြောင်း သိရသည်။

လက်ရှိသတင်းရေးသားနေသည့် ၉ နာရီ ၇ မိနစ်အချိန်တွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် မောင်တောမြို့နယ်ရှိ ရွာများသို့ ဗုံး ၂ ကြိမ်တိုက်ခိုက်ခဲ့သော်လည်း မည်သည့်နေရာများတွင် ကျရောက်ပေါက်ကွဲခဲ့သည်ကို AB News ကဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယမန်နေ့၊ နိုဝင်ဘာလ ၂ ရက်နေ့ ၊ ညဥ့်၆ နာရီမှ ၇ နာရီ ၂၀ မိနစ်အချိန်ထိ မောင်တောမြို့နယ် ပြားသားရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်၍ စစ်ဘေးရှောင် ၄ ဦးသေဆုံးသွားခဲ့ပြီး စစ်ဘေးရှောင် ဆရာတော် ၁ ပါးအပါအဝင် လူ ၂ ဦးဒဏ်ရာရရှိကာ ကျောင်းနှင့် ကား ၁စီးလည်း ပျက်စီးသွားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။