
AB News – ဖေဖော်ဝါရီ ၈၊ ၂၀၂၆
ဂျူလိုင်
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂ ထောင်ကျော် သေဆုံးပြီး ၄ ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ ဒီဇင်ဘာလ အထိ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၈၈၂၁ ကြိမ်အထိပြုလုပ်ခဲ့ရာ အရပ်သား ၂၃၂၆ ဦး သေဆုံးခဲ့ရပြီး ၄၁၄၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှု အပြင်းထန်ဆုံးဖြစ်ခဲ့သည့် လများမှာ အောက်တိုဘာ၊ ဒီဇင်ဘာနှင့် စက်တင်ဘာလများ ဖြစ်ခဲ့ကြောင်း သိရသည်။
နိုင်ငံအနှံ့ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်အဆောက်အဦး ၃၅၇၆ ဆောင်၊ ပညာရေးဆိုင်ရာအဆောက်အအုံ ၁၀၂ ဆောင်၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံ ၃၆ ဆောင်နှင့် ဘာသာရေးအဆောက်အအုံ ၁၉၀ ဆောင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။