သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းသမား ၉ ဦးကို ACG ထပ်မံဖမ်းဆီး

AB News – ဒီဇင်ဘာ ၁၈၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်-ဘင်္ဂလားနယ်စပ် အာရက္ခရေပိုင်နက်တွင်းသို့ တရားမဝင် လာရောက်ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၉ ဦးနှင့်အတူ ငါးဖမ်းဘုတ် ၂ စီးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ (ACG) က ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်၊ အလယ်သံကျော်ကမ်းစပ်အနီးတွင် ငါးဖမ်းသမား ၅ ဦးပါ ငါးဖမ်းဘုတ် ၁ စီးနှင့် နံနက် ၇ နာရီ ၄၀ ခန့်တွင် ငါးဖမ်းသမား ၄ ဦးပါ ငါးဖမ်းဘုတ် ၁ စီးကို ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ (ACG)က ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

ဒေသခံအမျိုးသားတစ်ဦးက ”ဘင်္ဂလာကငါးဖမ်းဘုတ်တွေက နေ့တိုင်း အာရက္ခပင်လယ်ပြင်ထဲ ငါး လာခိုး ဖမ်းကြတယ်။ ရေတိမ်ပိုင်းတွေဆို သိပ်မရှိဘူး။ ACG ကလည်း နေ့တိုင်းနီးပါး ဖမ်းနေတာဆိုတေ့ာ။ ရေနက်ပိုင်းတွေမှာဆို အများကြီးမြင်ရတယ်။ ဒီနေ့ မနက်ပိုင်းကလည်း အလယ်သံကျော်ကမ်းခြေနားမှာ ၂ စီး ဖမ်းရတယ်လို့ကြားတယ်” ဟု AB News သို့ပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၉ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ငါးဖမ်းသမား ၆ ဦးနှင့် ငါးဖမ်းလှေ ၅ စီးကို ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ (ACG) မှ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ အာရက္ခရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းဘုတ်များအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ (ACG) မှ ဆက်တိုက် လိုက်လံဖမ်းဆီးအရေးယူလျက်ရှိသည်။

ထို့အပြင် အာရက္ခပင်လယ်ပြင်အတွင်း ပြည်ပမှ ငါးဖမ်းလှေများ ဝင်ရောက်၍ ငါးဖမ်းလိုပါက ပြည်ပငါးဖမ်းရေယာဉ် စီမံခန့်ခွဲရေးဌာနတွင် တရားဝင် မှတ်ပုံတင်ကာ အခွန်ဆောင်၍ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် သတ်မှတ်ထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
အာရက္ခရေပိုင်နက်အတွင်း တရားမဝင် လာရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘုတ် ၃ စီးနဲ့ ငါးဖမ်းသမား ၂၃ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကမ်းရိုးတန်း လုံခြုံရေးတပ်ဖွဲ့ဖမ်းဆီးစစ်ဆေး