
AB News – ဒီဇင်ဘာ ၅ ၊ ၂၀၂၅
ဖြိုးဝေ
ရက္ခိုင် – ဘင်္ဂလားနယ်စပ် အာရက္ခရေပိုက်နက်အတွင်းသို့ တရားမဝင် လာရောက်ငါးဖမ်းသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ငါးဖမ်းသမား ၆ ဦးကို အာရက္ခပြည့်သူ့တော်လှန်ရေး အစိုးရ၏ ကမ်းရိုးတန်းလုံခြုံတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးလိုက်ကြောင်းသိရသည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ၊ ညနေ ၃ နာရီအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ငါးဖမ်းသမား ၆ ဦးနှင့် ငါးဖမ်းလှေ ၅ စီးကို အာရက္ခကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့မှ ထမ်မံဖမ်းဆီးလိုက်ကြောင်းသိရသည်။
ဖမ်းဆီးရရှိသော ငါးဖမ်းသမား ၆ ဦးကို အာရက္ခပြည့်သူ့တော်လှန်ရေး အစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိပြီး အရေးယူဆောက်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အလားတူ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့နိုင်ငံသား ၁၂ ဦးကို အာရက္ခကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့မှ မောင်တောမြို့နယ် ပင်လယ်ပြင်တွင် ဖမ်းဆီးရရှိခဲ့သည်။
ထို့အပြင် နိုဝင်ဘာ ၁၈ ရက်နေ့တွင် အာရက္ခပင်လယ်ပြင်အတွင်း ACG မှ ကင်းလှည့်နေစဥ် မောင်တောမြို့နယ် ၊ အင်းဒင် ကျေးရွာ၏ အနောက်ဘက် ( ၁.၅)ကီလိုမီတာ ခန့် အကွာ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမား ၆ဦးပါ ငါးဖမ်းဘုတ် ၁ စင်း ကို ဖမ်းဆီးရရှိခဲ့သည်။
ထို့အတူ တစ်ရက်တည်းတွင် ဘင်္ဂလားဒေ့နိုင်ငံက ငါးဖမ်းသမား ၇ ဦးခန့်ပါဝင်သော ငါးဖမ်းဘုတ် ၁ စင်းသည် ရသေ့တောင်မြိုနယ်၊ ကိုးတန်ကောက်ကျေးရွာ၏အနောက်ဘက် (၁.၇) ကီလိုမီတာအကွာခန့်တွင် ခိုးဝင်ငါးဖမ်းနေစဉ် ACG မှ ဖမ်းဆီးခဲ့ရာ ပင်လယ်ပြင်ဘက်သို့ ထွက်ပြေးသွားသည့်အတွက် ထပ်မံလိုက်လံဖမ်းဆီးခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ၁ ရက်တည်းတွင် နံနက် ၇ နာရီခွဲခန့်က တရားမဝင်ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးပါသည့် ငါးဖမ်းဘုတ် ၁ စီးနှင့် နံနက် ၈ နာရီ၊ ၄၆ မိနစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးပါသည့် ငါးဖမ်းဘုတ် ၁ စီးတိုအားလည်း ဖမ်းဆီးသိမ်းဆည်းရရှိခဲ့သည်။
ထိုပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက် ၊ ညနေ ၄ နာရီခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးပါသည့် ငါးဖမ်းဘုတ် ၁ စီးနှင့် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးပါသည့် ငါးဖမ်းဘုတ် ၁ စီးတို့အား ဖမ်းဆီးရမိခဲ့သည်။
အာရက္ခပင်လယ်ပြင်အတွင်း နိုင်ငံခြားမှ ငါးဖမ်းလှေများ ဝင်ရောက်ငါးဖမ်းမည်ဆိုလျှင် ပြည်ပငါးဖမ်းရေယာဉ် စီမံခန့်ခွဲရေးဌာနတွင် တရားဝင်မှတ်ပုံတင် အခွန်ဆောင်၍ ငါးဖမ်းနိုင်ကြောင်း သိရှိရသည်။