သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို အာရက္ခကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ဖမ်းဆီး

AB News – အောက်တိုဘာ ၂၉၊ ၂၀၂၅
ဖြိုးဇော်

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အာရက္ခရေပိုင်နက်အတွင်း ပိုင်နက်ကျူးကျော်၍ ဝင်ရောက် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို အာရက္ခကမ်းရိုးတန်းစောင့်တပ်ဖွဲ့ က ဖမ်းစီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါငါးခိုးဖမ်းသူများအား အောက်တိုဘာလ ၂၇ရက်၊ နံနက် ၆ နာရီ ၅၅ မိနစ်ခန့်တွင် အာရက္ခကမ်းရိုးတန်းစောင့်တပ်ဖွဲ့ က တွေ့ရှိခဲ့ပြီး လိုက်လံဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးသော်လည်း နံနက် ၈နာရီခန့်အချိန်တွင် ငါးဖမ်းသမား ၄ ဦးနှင့် ငါးဖမ်းဘုတ်ကိုပါ လက်ရ ဖမ်းဆီးရရှိကြောင်း သိရသည်။

၎င်းတို့သည် ဘဂ်လားဒေ့ရှ်နိုင်ငံ၊ တက္ကနာကျွန်းဘက်မှလာသူများဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းရင်းမြစ်များ ထံမှ သိရှိရသည်။

အာရက္ခရေပိုင်နက်အတွင်းသို့ တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးအား အာရက္ခကမ်းရိုးတန်းစောင့်တပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ရက်နေ့၊ နံနက် ၇နာရီ၊ ၃၅မိနစ်ခန့်အချိန်တွင် မောင်တောမြို့နယ်၊ မြင်းလွှတ်ကျေးရွာအနီးရှိ အာရက္ခရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးနှင့် ငါးဖမ်းဘုတ် ၂ စီးကို အာရက္ခတပ်တော် ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီခဲ့သည်။

အလားတူ အောက်တိုဘာလ ၁ရက်‌နေ့၊ နံနက် ၈နာရီခန့်အချိန်တွင် မောင်တောမြို့နယ် သဝင်ချောင်းရွာဟောင်း၏ အနောက်ဖက် မီတာ ၈၀၀ ခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်သား ၇ ဦးပါ ငါးဖမ်းဘုတ် ၁ စင်းကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ပုံစာ – အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းဘုတ်များနှင့် ငါးဖမ်းသမားများအား မြင်တွေ့ရစဉ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ