သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက် ARSA အန္တရာယ်ကြောင့် မောင်တော ဒေသခံများ စျေးဝယ်ရန် အခက်ကြုံ

AB News – ဇူလိုင် ၁၃၊ ၂၀၂၅
နွယ်စိုး

ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြိုနယ်အတွင်း အကြမ်းဖက် ARSA အဖွဲ၏ ခြုံခိုတိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဒေသခံပြည်သူများ စျေးဝယ်ရန်နှင့် ခရီးဝေးသွားလာရန် အခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရသည်။

အကြမ်းဖက် ARSA အဖွဲ၏ ခြုံခိုတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် မောင်တောမှ မိုင် ၃၀ ကျော် ခန့်ကွာဝေးသော တောင်ပြို၊ မီးတိုက် နှင့် ဝေလာတောင်ဘက်သို စျေးသွားဝယ်ရန်နှင့် ကုန်ပိုကုန်သွယ် ပြုလုပ်ရန်တိုတွင် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

ဒေသခံတစ်ဦးက” သူတိုက ဘယ်အချိန်လာတိုက်မယ် မသိဘူး။ တောတောင်တွေထူထပ်တော့ ဘယ်နေရာမှာမဆို သူတိုဝင်ပုန်းနေနိုင်တယ်။ ခရီးအဝေးလည်းမသွားရဲသလို ဈေးသွားဝယ်ဖိုလည်း မသွားရဲတော့ဘူး” ဟု ဆိုသည်။

မောင်တောမြိုနယ်အတွင်း ဒေသခံပြည်သူများ ခရီးသွားလာနေသည့် လမ်းများသည် တောတောင်များ ထူထပ်သဖြင့် အကြမ်းဖက် ARSA အဖွဲသည် ခရီးသွားပြည်သူများအား ​ခြုံခိုတိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်နေသောကြောင့် ဒေသခံများမှာ စိုးရိမ်​နေကြရသည်။

အဆိုပါလမ်းသည် ခရီးသွားလာသူနည်းပါးပြီး တောတောင်ထူထပ်သည့် လမ်းများဖြစ်၍ ARSA အနေဖြင့် အချိန်မရွေး ခြုံခိုတိုက်ခိုက်နိုင်သည့် လမ်းဖြစ်သည်ကို တွေ့ရသည်။

“အရင်ကဆို ရွာနီးချုပ်စပ် ဈေးသွားတာ၊ ဆွေမျိုးတွေ အိမ်သွားတာ မခက်ခဲဘူး။ အခုတော့ ခြေတစ်လှမ်းလှမ်းတိုင်း သတိထားနေရတယ်။ လမ်းမှာ တစ်ခုခုဖြစ်မှာကို စိတ်ပူနေရတာနဲ့တင် အလုပ်မဖြစ်တော့ဘူး။ ကလေးတွေ ကျောင်းသွားတာ၊ အပြင်သွားတာတောင် စိတ်ပူနေရတယ်” ဟု မူဆလင်အမျိုးသား တစ်ဦးက ပြောသည်။

အ​ကြမ်းဖက် ARSA အဖွဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်မြေထဲတွင် လှုပ်ရှားနေပြီး မောင်တောမြိုနယ် မြောက်ပိုင်းသို ရံဖန်ရံခါ ဝင်ရောက်ကာ အာရက္ခတပ်တော် AA တပ်ဖွဲဝင်များအား ခြုံခိုတိုက်ခိုက်ခြင်း၊ အရပ်သားများကို ပြန်ပေးဆွဲသတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့၊ နံနက် ၇ နာရီခန့်က မောင်တောမြိုနယ်၊ မြဝတီကျေးရွာမှ ခရီးသွားပြည်သူ ခမီလူမျိုး ၄ ဦးကို ARSA အဖွဲက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

မူဆလင် လက်နက်ကိုင်အဖွဲများဖြစ်သည့် ARSA နှင့် RSO တိုသည် AA အား တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းအတွင်း လူသစ်စုဆောင်းနေကြောင်း ဇွန်လ ၁၉ ရက်နေ့က International Crisis Group ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ