သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အစုလိုက်အပြုံလိုက်သေဆုံး

ကနဦးရရှိထားသည့် သတင်းအရ သေဆုံးဒဏ်ရာရရှိသူများမှာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုအများဆုံးကာ ၁၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၅ ဦးအထိရှိကြောင်း အာရက္ခတပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အတည်ပြု ပြောဆိုထားသည်။

ရက္ခိုင်ပြည် သံတွဲမြို့ထဲရှိ ဒွါရာဝတီမြို့တော်ခန်းမနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးတို့အား စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် ဂျက်တိုက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲ ပစ်ချခဲ့သည့်အတွက် ထိုနေရာများတွင် စစ်ဘေးရှောင်နေကြသည့် သံတွဲမြို့နယ်မှာ ပြည်သူ ပြည်သူ ၁၄ ဦးသေဆုံးကာ ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက AB News သို့ပြောသည်။

အာရက္ခတပ်တော် ပြောရေးဆိုခွင့် ဦးခိုင်သုခ

“ဒီနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၇ နာရီ ၄၀ မိနစ်မှာ အကြမ်းဖက် စစ်ကောင်စီက သံတွဲမြို့ကို ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ သံတွဲမြို့ မြို့နယ် ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွေကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ အဲဒါကြောင့် တိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးရုံးမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်အရပ်သား ပြည်သူ ၁၄ ဦးသေဆုံးပြီး ၂၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ကနဦးသိရပါတယ်” ဟု အာရက္ခတပ်တော် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် ၁၀ ကျော်သက်အရွယ် ကလေးငယ်တစ်ဦးအားတွေ့ရစဥ်

အရပ်သားပြည်သူများခိုလှုံနေသည့်နေရာများကို ပစ်မှတ်ထား ပစ်ခတ်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း ဦးခိုင်သုခက ဆက်ပြောသည်။

“အခုလိုမျိုး အရပ်သားပြည်သူတွေ ခိုလှုံနေတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာ ဖြစ်သလို ဂျင်နီဗာကွန်းဗင်းရှင်းကိုလည်း ပြောင်ပြောင်တင်းတင်ချိုးဖောက်တာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း မြေပုံမြို့နယ် ကမ်းထောင်ကြီးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ကလေးငယ် တစ်ဦးအပါအဝင် ဥပုသ်သီတင်းစောင့်နေသည့် အဖိုးအို၊ အဘွားအိုများအပါအဝင် ၇ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ