သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီတပ်က တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်လာ

AB News-စက်တင်ဘာ ၃၊ ၂၀၂၄

အာရက္ခတပ်တော် AA  ထိမ်းချုပ်မှုအောက်ရောက်သွားသည့် ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်လာသည်ကို တွေ့ရသည်။

ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းရှိ ဖြူချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ဗုံးကြဲခဲ့မှုကြောင့် ရွာအနီးစိုက်ခင်းအတွင်း ဟင်းခူးနေသည့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသူမှာ ဖြူချောင်းကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဒေါ်အေးသိန်းမေဖြစ်ပြီး ၎င်း၏ ဘယ်ဖက် ပေါင်၊ ညာဖက်ပေါင်များတွင် ပွန်းပဲ့ ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောသည်။

“မနေ့က ညနေ ၃ နာရီ လောက်မှာ စစ်ကောင်စီတပ်က Y12 လေယာဥ်နဲ့ ဗုံးကြဲချသွားပါတယ်။ ရွာဦးဘုန်းကြီးကျောင်းအနီး စိုက်ခင်းမှာ ကျပါတယ်။ အဲဒီမှာ ဟင်းခူးနေတဲ့ အဖွား ဒေါ်အေးသိန်းမေရဲ့ ပေါင်း ၂ဖက်လုံးမှာ ဗုံးစထိမှန်သွားပါတယ်။ ဒဏ်ရာက အသက်အန္တရာယ်ကိုတော့ မစိုးရိမ်ရပါဘူး။ ဒါပေမယ့် ဆေးဝါးအခက်အခဲတွေနဲ့ ပြန်ကောင်းဖို့ဆိုတာ မလွယ်ပါဘူး။” ဟုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်ကလည်း မိုးစဲကျွန်း၊ ဆားပြင်ကြီးကျေးရွာသို့ စစ်ကောင်စီတပ်နေဗီမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်များသို့ စစ်တွေမြို့အနီးပင်လယ်တွင် အခြေချထိုင်ထားသည့် ရေတပ်နေဗီများမှ ပြည်သူများနေထိုင်သည့် ကျေးရွာများသို့ ရယ်ရွယ်ချက်ချက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေ၍ နေ့တိုင်း ကျီးလန့်စာစားဘဝဖြင့် နေထိုင်ရကြောင်း ပေါက်တောမြို့နယ် ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကျမတို့ကို ဒုက္ခပေးနေပါတယ်။ တစ်ရက်မှကို စိတ်ချလက်ချ နေရတယ်လို့ကို မရှိဘူး။ လက်နက်ကြီးနဲ့ ပစ်မလား၊ လေယာဥ်နဲ့ပဲ လာပစ်မလားလို့ ကြောက်နေရတယ်။ ထမင်းလေးခဏစားတာတောင် ကောင်းကင်ကို မော်ကြည့်ပြီး စားနေကြရတာပါ။ လေယာဥ်လာသံကြားရင် ဗုံးခိုကျင်းထဲ ဝင်ပုန်းနေကြရပါတယ်။” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းရန်၊ လက်နက်ကြီးရန်များကြောင့် ရက္ခိုင်ရှိ စစ်ဘေးရှောင် ၆ သိန်းခန့်သည် နေရပ်မပြန်နိုင်ဘဲ ဘေးလွတ်ရာ စစ်ဘေးရှောင်နေကြရပြီး ၎င်းတို့မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ