သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်အရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီး၏ ဘက်လိုက်လုပ်ဆောင်မှုများသည်  မူဆလင် ပြဿနာနှင့် အကျပ်အတည်း ဖြေရှင်းရန်အတွက် အထောက်အကူမဖြစ်နိုင်ဟု AA ပြောခွင့်ရဆို
ဓာတ်ပုံ-မောင်တောမြို့ထဲမှ မူဆလင်များအား အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက သြဂုတ်လ ၁၂ ရက်နေ့တွင် ကယ်ထုတ်လာသည်ကို တွေ့ရစဥ်/ABN

AB News-သြဂုတ် ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည်အရေးနှင့်ပတ်သက်၍ ကုလလူ့အခွင့်အရေးမဟာမင်းကြီး၏ ဘက်လိုက်လုပ်ဆောင်မှုများသည် ရက္ခိုင်ဒေသတွင် ဖြစ်ပေါ်နေသည့် မူဆလင်ဒုက္ခသည်ပြဿနာနှင့် အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် အထောက်အကူမဖြစ်နိုင်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုက ပြောဆိုလိုက်သည်။

 “ဒီလိုတဖက်သတ်ဘက်လိုက်လုပ်ဆောင်မှုတွေဟာ ရက္ခိုင်ဒေသမှာဖြစ်ပေါ်နေတဲ့ မူဆလင်ဒုက္ခသည်ပြဿနာနှင့်အကျပ်အတည်းတွေကိုဖြေရှင်းဖိုအတွက်လဲ အထောက်အကူမဖြစ်နိုင်ပါဘူး။” ဟု ပြောသည်။

သည့်အပြင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ တဖက်သတ်ဘက်လိုက် လုပ်ဆောင်မှုကြောင့် မဟာမင်းကြီးရုံးအပေါ် ရက္ခိုင်ပြည်သူများ၏ ယုံကြည်မှုကို အများကြီး လျော့ကျသွားနိုင်ကြောင်းလည်း AA ပြောခွင့်ရက ထပ်လောင်း ပြောဆိုထားသည်။

“ဒီလိုတဖက်သတ်ဘက်လိုက်လုပ်ဆောင်မှုတွေဟာ ကုလလူ့အခွင့်အရေး မဟာမင်းကြီးရုံးအပေါ်မှာ ရက္ခိုင်ပြည်သူတွေရဲ့ ယုံကြည်မှုကိုအများကြီးလျော့ကျစေပါတယ်။” ဟု တုန့်ပြန်ပြောဆိုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) ၏ သြဂုတ်လ ၂၃ ရက်နေ့က ပြောဆိုချက်တွင် မူဆလင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းများဖြင့်သည့် ARSA/RSO/ARA နှင့် စစ်ကောင်စီတပ်က သင်တန်းပေးလက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်များ၏ အာရက္ခပြည်သူများအပေါ် မတရား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓားမြတိုက်ခြင်း၊ မတရားငွေညှစ်ခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စောင်ကားခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ဒေသခံပြည်သူများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းစသည့် အကြမ်းဖက်မှု လုပ်ရပ်များကို ဖော်ပြပြောဆိုခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ အကာအကွယ်ပေး ဖုံးကွယ်ထားသည်ကို တွေ့ရကြောင်း အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“ကုလလူ့အခွင့်အရေးမဟာမင်းကြီးရဲ့ ပြောဆိုချက်ထဲမှာ မူဆလင်အကြမ်းဖက်အဖွဲအစည်းတွေဖြစ်တဲ့ ARSA/RSO/ARA နှင့်စစ်ကောင်စီကသင်တန်းပေးထားတဲ့မူဆလင်လက်နက်ကိုင်တွေရဲ့ အာရက္ခပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓားမြတိုက်မှု ၊ မတရားဖမ်းဆီးငွေညှစ်မှု၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ မုဒိန်းကျင့်မှု၊ ဒေသခံပြည်သူတွေကိုလူသားဒိုင်းကာအဖြစ်ဖမ်းဆီးထားမှု စတဲ့ မူဆလင်ဘာသာရေးအစွန်းရောက်အဖွဲ့တွေရဲ့ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ထားတာတွေကို တစ်ခုမှဖော်ပြထားတာမရှိဘဲ ရည်ရွယ်ချက်ရှိရှိအကာအကွယ်ပေးဖုံးကွယ်ထားတာတွေ့ရတယ်။” ဟုပြောသည်။

ထို့ကြောင့် ကုလမဟာမင်းကြီး၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ၎င်း၏ တရားမျှတမှုနှင့် သမာသမတ်ကျမှုအပေါ် မေးခွန်းထုတ်စရာ အများကြီးရှိကြောင်း ဆက်ပြောသည်။

“ဒါကြောင့်ကုလမဟာမင်းကြီးရဲ့လုပ်ဆောင်ချက်တွေနှင့်ပတ်သက်ပြီးတော့ သူ့ရဲ့တရားမျှတမှုနှင့် သမာသမတ်ကျမှုအပေါ်မှာမေးခွန်းထုတ်စရာတွေအများကြီးရှိပါတယ်” ဟု AA ပြောခွင့်ရကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် UNOHCHR ၏ ထုတ်ပြန်ချက်တွင် “AA က အရပ်သားတွေကို မလုံခြုံတဲ့နေရာတွေမှာ နေရာချထားမှုတွေကြောင့် ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေ ခြေလျင်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) ပြောဆိုထားသည်။

ထို့အပြင် စစ်ကောင်စီနှင့် AA တို့သည် မူဆလင်များအပေါ် တရားလက်လွတ်သတ်ဖြတ်မှု၊ ခေါင်းဖြတ်မှု၊ ပြန်ပြေးဆွဲမှု၊ အတင်းအဓမ္မ တပ်သားစုဆောင်းမှု၊ ဒရုန်း၊ အမြောက်များဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည်တို့ကို လုပ်ဆောင်ကာ ဆိုးရွားသည့် လူ့အခွင့်အရေးများကို ချိုးဖောက်နေကြောင်း ကုလထုတ်ပြန်ချက်တွင် စစ်ကောင်စီနှင့်အတူ AA ကိုလည်း တန်းတူ တန်းညှိထုတ်ပြန်ပြောဆိုထားသည်ကို တွေ့ရသည်။

ထို့အပြင် မူဆလင်များအပါအဝင် ပြည်သူသောင်းနှင့်ချီ ထွက်ပြေးရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့တွင် တာဝန်ရှိပြီး အရပ်သားများအပေါ် တိုက်ခိုက်မှု ချက်ချင်းရပ်တန့်ပြီး ပဋိပက္ခအတွင်း ထွက်ပြေးနေရသူများကို အကာအကွယပေးရမည်ဟု Volker Turk  က ပြောထားသည်။

အာရက္ခတပ်တော်သည် မောင်တောမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှု မစတင်မီ ဇွန်လ ၁၆ ရက်နေ့တွင် မောင်တောမြို့တွင်းရှိ ပြည်သူများအား မြို့ပြင် လုံခြုံသည့်နေရာသို့ ထွက်ခွာပေးကြရန် ကြိုတင် အသိပေးထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့တွင် စတင်ကာ မောင်တောမြို့အား AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။  

မောင်တောမြို့တွင်းတွင် စစ်ကောင်စီတပ်နှင့် မူဆလင်လက်နက်ကိုင်အုပ်စုများ၏ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရသည့် မူဆလင်အများစုပါသည့် ပြည်သူများ အာရက္ခတပ်တော် အေအေက သြဂုတ်လ ၇ ရက်နေ့မှ စတင်ကာ ကယ်ထုတ်ခဲ့ပြီး လက်ရှိတွင် ၂၀၀၀၀ ကျော်တို့အား ကယ်ထုတ်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

၎င်းပြည်သူ ၂၀၀၀၀ ကျော်တို့အား လုံခြုံသည့် နေရာထိုင်ခင်း၊ အခြေခံအစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း အာရက္ခတပ်တော် AA က ထောက်ပံ့ပေးထားသည်ကို AB News သတင်းထောက်များကိုယ်တိုင် တွေ့ရသည်။

မောင်တောမြို့အား အလုံးစုံ သိမ်းပိုက်ရရှိတော့မည်ဖြစ်ကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့တွင် AA ကထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။