သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်က အကျပ်အတည်းကြုံနေရ ကျောင်းသား/သူများနှင့် မိသားစုများကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထောက်ပံ့

AB News – အောက်တိုဘာ ၂၀၊ ၂၀၂၅
ဒေဝီ

ရက္ခိုင်ပြည်ရှိ စားဝတ်နေရေးကျပ်တည်းနေသော ကျောင်းသား/သူများနှင့် မိသားစုများကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသုံးဗလာစာအုပ်များနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့မှုကို ယမန်နေ့ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ သံတွဲမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကော်မတီ၏ လူထုအကျိုးပြုရေးကော်မတီမှ ဦးဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ဆင်းရဲနွမ်းပါးသည့် မိသားစုများကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ မြောက်ဦးမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကော်မတီ၏ လူထုအကျိုးပြုကူညီရေးကော်မတီက ဆန်လှူဒါန်းမှု ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။

ယင်းအပြင် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ သမိန်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကော်မတီမှ ဦးဆောင်၍ ကလေးလူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပုံစာ – ရက္ခိုင်ပြည်အတွင်းရှိ အကျပ်အတည်းကြုံနေရသော ကျောင်းသား/သူများနှင့် မိသားစုများအား ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသုံးဗလာစာအုပ်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့နေခြင်း။

ArakanBayNews #AB_News #ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ #Supported #ကျောင်းသုံဗလာစာအုပ် #စားနပ်ရိက္ခာများ #Rakhine_State

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ