
AB News – ဒီဇင်ဘာ ၁၅၊ ၂၀၂၅
မောင်လိုကီ
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အာရက္ခတပ်တော်ထိမ်းချုပ်ထားသည့် မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခုကို ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းမှ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တစ်ခုက အငိုက်ဝင်ရောက်ချောင်းမြောင်းတိုက်ခတ်ခဲ့ပြီး ဘင်္ဂလာနယ်စပ်ဘက်သို့ ထွက်ပြေးခဲ့ကြောင်း အာရက္ခတပ်တော် ULA/AA က ယနေ့ ဒီဇင်ဘာလ ၁၅ရက် ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အဆိုပါ ချောင်းမြောင်းတိုက်ခိုက်မှုမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် နယ်စပ်စခန်းကို အကြမ်းဖက်လက်နက်ကိုင် ၁၀ ဦးခန့်က ဘင်္ဂလာနယ်စပ်ဘက်မှ ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းအကြမ်းဖက်အဖွဲ့က လက်နက်ငယ်များ 40 MM (79) ဖြင့် မိနစ်အတန်ကြာ အငိုက်ဝင်ပြီးချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အာရက္ခတပ်တော်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ၎င်းတို့မှာ ဘင်္ဂလာဘက်ခြမ်းရှိ BGB နယ်ခြားစောင့်စခန်းတစ်ခုအနီးသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိ့ရှိရသည်။
ယခုကဲ့သို့ နယ်စပ်စခန်းများကို အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းအပါအဝင် အရပ်သားပြည်သူများကို ချုံခိုတိုက်ခိုက်မှု၊ သတ်ဖြတ်မှုနှင့် ပြန်ပေးဆွဲပြီးငွေညှစ်မှုတို့ကို ARSA၊ RSO စသော အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်များက ပြုလုပ်နေသည်မှာ ကြိမ်ဖန်များစွာ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အဆိုပါလုပ်ရပ်များ လုပ်ဆောင်မှုများကို အချို့အကျင့်ပျက်ဘင်္ဂလာနယ်ခြားစောင့်တပ်(BGB) တပ်မှူးများ၏ မသိကျိုးကျွန်ပြုနေခြင်းမှာ အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုလုပ်သကဲ့သို့ဖြစ်နေပြီး နယ်စပ်တည်ဒေသတည်ငြိမ်းရေကိုလည်း အနှောက်အရှက် ဖြစ်စေကြောင်းကိုလည်း ထုတ်ပြန်ထားသည်။
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကြား တည်ဆောက်နေကြသည့် ယုံကြည်မှုများကိုလည်း ဆုတ်ယုတ်လာစေပြီး မလိုလားအပ်သည့် နောက်ဆက်တွဲအခြေအနေများအတွက် စိုးရိမ်မိကြောင်းကို ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။