သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယောက်ျားချင်းလိင်တူမုဒိမ်းကျင့်တာကို စစ်လက်နက်အဖြစ်အသုံးပြုနေတဲ့ စစ်ကောင်စီတပ်

Arakan Bay News

ရေးသားသူ-ခိုင်အောင်ခန့်

ဇွန် ၁၇၊ ၂၀၂၄

စစ်ကောင်စီတပ်ဟာ ယောင်္ကျားချင်း လိင်တူမုဒိမ်းကျင့်တဲ့ အစဉ်အလာရှိကြောင်း စစ်အာဏာသိမ်းတဲ့ ၂၀၂၁ နောက်ပိုင်းတွင် ပြည်သူများအကြား ပိုမိုသတိထားလာကြတယ်။ 

မြန်မာနိုင်ငံအနှံ့ စစ်မျက်နှာတိုင်းမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို ခေါင်းစဥ်အမျိုးမျိုးတပ် တရားလက်လွတ် ဖမ်းဆီးပြီး အမျိုးသမီးများကို အဓမ္မမုဒိမ်းကျင့်မှု ကျူးလွန်သည့်အပြင် အမျိုးသားများကိုပါ လိမ်တူမုဒိမ်းကျင့်ပြီး တိုက်ခိုက်ရေးလက်နက်အဖြစ် အသုံးပြု ကျူးလွန်လာတာကို ထင်ထင်ရှားရှားတွေ့လာရတယ်။

မြောက်ဦးမြို့သိမ်းတိုက်ပွဲအတွင်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရတဲ့ 

ဦးထွန်းထွန်းဦး (၃၅ နှစ်) နဲ့ ကိုစောနိုင်ထွန်း(၂၈) တို့ဟာ အသတ်မခံရမီ ယောက်ျားချင်း မုဒိန်းကျင့်ခံခဲ့ရတယ်။

အနီရင့်ရောင် အတွင်းခံဘောင်းဘီဟာ ကျွတ်နေပြီး စအိုမှာ သွေးစတွေပေကျံနေတာကို တွေ့ရပြီးတော့ နောက်ပြန်ကြိုးတုပ်လျက် အလောင်းကို စွန့်ပစ်ထားခဲ့တယ်။

အဲဒီလိင်တူမုဒိန်းကျင့် လူသတ်မှုကို ၂၀၂၄ခု ဇန်နဝါရီ ၉ ရက်နေ့က အာရက္ခတပ်တော်နဲ့  စစ်ကောင်စီ ခမရ (၅၄၀)တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ခမရ (၅၄၀)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တာ ဖြစ်တယ်။

“ဟိုတုန်းကဆိုရင် စစ်တပ်ဖမ်းသွားရင် ‌အလောင်းဘဲရတယ်။ ခုက အလောင်းရော၊ လိင်တူမုဒိန်းကျင့်တာရော ရှိလာတော့ ပြောစရာ စကားမရှိတော့ဘူး။ မြန်မာပြည်သူတွေဟာ သမိုင်းတစ်လျှောက် အမှောင်မိုက်ဆုံးကာလကို ဖြတ်သန်းနေရတယ်” ဟု ရခိုင်အရေးကို စောင့်ကြည်နေသူတစ်ဦးက မှတ်ချက်ပြုတယ်။

၂၀၂၄ ခု ဇန္နဝါရီလအတွင်းက မန္တလေးတိုင်း ပုလဲမြို့နယ်မှာ လူငယ်သုံးဦးရဲ့ စအိုကို ဝါးခြမ်းစိတ်နဲ့ ထိုးဖောက် မွှေနှောက်ပြီး စစ်ဆေးရေးကို စစ်ကောင်စီ စစ်သားတွေဟာ ကျူးလွန်ခဲ့တယ်။

နှစ်ရှည်လများ ရှေ့တန်းထွက်ရကာ လူစိတ်ပျောက်ဆုံးပြီး အရက်နံထောင်းထောင်းထွက်လျှက် စစ်ကောင်စီတပ်သားတွေဟာ လက်ရဲဇက်ရဲ ပုလဲမြို့ စစ်‌ကြောရေးတွင် ရက်ရက်စက်စက် စစ်ဆေးခဲ့တာ ဖြစ်တယ်။

ဒါဟာစစ်ကောင်စီတပ်ရဲ့ လိင်တူအကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးချလာတာ ခပ်စိတ်စိတ် တွေ့လာရတာ ဖြစ်တယ်။

“စစ်ရှုံးစစ်ကောင်စီဟာ သူတို့ရှုံးဆုံးမှုများလာရင် ရမ်းပတ်ပြီး စိတ်လွတ်ကိုယ်လွတ် လိင်တူအကြမ်းဖက်မှုတွေကို ပိုမိုကျူးလွန်လေ့ ရှိတယ်” လို့ သူက ထောက်ပြပါတယ်။

စစ်ကောင်စီ စစ်သားတွေဟာ Frontier သတင်းထောက် ကိုရဲမွန်ကို တစ်နာရီကျော်ကြာအောင်ထိ စိတ်ပြေနပြေ လိင်တူ မုဒိမ်းကျင့်ခဲ့ကြတယ်။ 

မျက်လုံးကို ပဝါစည်း၊ လက်ထိပ်ခပ်လျက် သုံးနာရီကျော် ကြာအောင် စစ်ဆေးရေးအခန်း ကြမ်းပြင်ပေါ်တွင် ကိုရဲမွန်ကို ထိုင်ခိုင်းခဲ့တယ်။ သူက မေ့မျောမျော ဖြစ်ခဲ့တယ်။

အဲဒီချိန် ကိုရဲမွန်နဲ့ အခန်းကပ်ရပ်တွင် အမျိုးသမီးတစ်ဦးဟာ ငယ်သံပါအောင် အော်ဟစ်နေတယ်။

စစ်သားတွေ ရောက်လာပြီး ကိုရဲမွန်ကို “Min thu ko lote ya meh.” ပြောတယ်။ ကိုရဲမွန်က ငြင်းတော့ သူ့ကိုဘဲ စစ်သားတွေက အငြိုးအတေးနဲ့ လိင်တူ မဒိန်းကျင့်လိုက်တယ်။

နောက်ပိုင်း ကိုရဲမွန်ဟာ စိတ်ဒါဏ်ရာ အကြီးအကျယ်ရပြီး လချီ ဆေးကုသမှုခံရလိုက်တဲ့အကြောင်း Frontier သတင်းစာမှာ သူကိုယ်တိုင် ဆောင်းပါးရေးသားခဲ့တယ်။

“ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် စစ်သားတွေ ရှေ့တန်းထွက် ပြန်လာရင် (အထူးသဖြင့် ကရင်၊ကချင်ဘက်) စလောင်းစက်တွေ၊ ရွှေတွေ၊ငွေတွေနဲ့ အဝတ်အထည်တွေပါလာတယ်။ ကျွန်တော်တို့က ငယ်တော့ မသိဘူး။ ရှေ့တန်းထွက်ရင် အဲလို ပစ္စည်းရတယ် ထင်ခဲ့တယ်။” လို့ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုသန်းကျော်က ပြောတယ်။

“တကယ်တော့ ရှေ့တန်းမှာ ဓါးပြတိုက်ပြန်လာတာ။ လူသတ်၊မုဒိန်းကျင့်ပြီး ပြန်လာတာ” လို့ သူက ဆက်ပြောတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း စစ်ကောင်စီဟာ စစ်သားအရင်းအမြစ်ရှားပါးလာခြင်း၊ နှစ်ရှည်လများ နားချိန်မရှိဘဲ ရှေ့တန်းထွက်ရခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ပြည်သူလူထုထောက်ခံမှု လုံးဝမရခြင်းတွေဖြစ်လာတယ်။ 

ဘေးထွက်ဆိုးကျိုးအဖြစ် ထင်ယောင်ထင်မှားခြင်း၊ သိမ်ငယ်ခြင်း၊ အလိုမကျမှုဖြစ်ခြင်း၊ ယုတ်မာခြင်းမှုတဆင့် စက်ဆုပ်ရွံ့စရာ လိင်တူမုဒိမ်းမှုကို မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတာ ဖြစ်တယ်။

စစ်ကောင်စီရဲ့ လိင်တူ မဒိမ်းမှုကျူးလွန်တာတွေကို ဟန့်တားနိုင်ဖို့ဆိုတာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှ ဖြစ်နိုင်ပါလိမ့်မယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ