AB News – နိုဝင်ဘာ ၂၁ ၊ ၂၀၂၅
ဆိုဖီ
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် နွား ၂ ကောင် သေဆုံးသွားပြီး၊ ၂ ကောင် ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲချခဲ့ရာ မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာ အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင့် ဒေသခံ ၁ ဦးက AB News ကို ပြောသည်။
“ကျွန်တော်တို့က လေယာဥ်လာသံကြားတော့ ကြောက်လန့်ပြီး ရောက်တဲ့ နေရာမှာ လဲနေလိုက်တယ်။ ရွာသားတွေတော့ ထိခိုက်မှု မရှိပါဘူး။ နွား ၂ ကောင် သေသွားတယ်။ ၂ ကောင် ဒဏ်ရာ ရသွားပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက် နေ့ကလည်း ရသေ့တောင်မြို့နယ် ဘာထလေ ကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သွားကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ သြဂုတ်လ၂၅ ရက်နေ့၊ ည ၁၁ နာရီအချိန်တွင် စစ်ကော်မရှင်မှ လေကြောင်းဖြင့် မြောက်ဦးမြို့နယ်၊ ဒိုင်းကျီကျေးရွာသို့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သောကြောင်း အလေးငယ်အပါအဝင် ပြည်သူ ၁၅ ဦးသေဆုံးခဲ့ရပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။


