AB News – ဒီဇင်ဘာ ၁၅၊ ၂၀၂၅
မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် အာရက္ခပြည်သူတစ်ရပ်လုံးနှင့်အတူ တစ်သွေးတစ်သားတည်း ရပ်တည်သော စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသော ထုတ်ပြန်ချက်များနှင့် ပြောဆိုချက်များအား အာရက္ခတပ်တော်နှင့် အာရက္ခပြည်သူပြည်သားများမှ အမြဲတမ်း အမှတ်ရ ကျေးဇူးတင်နေမည်ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ULA/AA က ထုတ်ပြန်ခဲ့သည်။

