သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာစစ်ကောင်စီတပ်နှင့် ARSA အဖွဲ့များ၏ ဖမ်းဆီးခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းခံခဲ့ရသည့် အသက် ၃၅ နှစ်အရွယ် ဟိန္ဒီအမျိုးသမီး တစ်ဦးနှင့် တွေ့ဆုံမေးမြန်းချက်

AB News-သြဂုတ် ၂၅၊ ၂၀၂၄

အကျဥ်းချုပ်

အသက် ၃၅ နှစ်အရွယ် ဟိန္ဒူအမျိုးသမီးသည် မောင်တောမြို့၊ အောင်ဗလကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေစဥ် ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ARSA ပူးပေါင်းအဖွဲ့တို့၏ အဓမ္မဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ARSA အဖွဲ့ဝင် ၂ ဦး၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းကိုခံခဲ့ရကြောင်း ကာယကံရှင် ကိုယ်တိုင် AB News နှင့် မေးမြန်းချက်တွင် ထွက်ဆိုထားသည်။

မေး။     ။ သာလီစွပါ မမ။

ဖြေ။     ။ သာလီစွပါ။

မေး။     ။ မမနာမည်နှင့် နေရပ်လိပ်စာကို တစ်ချက် မိတ်ဆက်ပေးပါ။

ဖြေ။     ။ Anushka (အမည်လွှဲ) ပါ။ မောင်တောမြို့၊ အောင်ဗလကယ်ဆယ်ရေးစခန်းကပါ။

မေး။     ။ မောင်တောမြို့ထဲမှာ ပိတ်မိနေချိန် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေရှိတယ်လို့ ကျမတို့ သိထားရပါတယ်။ အဲဒါဟုတ်ပါသလား တချက် ပြောပြပေးပါ။

ဖြေ။     ။ ဟုတ်ပါတယ်။

မေး။     ။ မမကိုယ်တိုင်ကော အဲသလိုမျိုး လိင်ပိုင်ဆိုင်ရာ စော်ကားမှု ခံခဲ့ရတာရှိပါသလား။

ဖြေ။     ။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံခဲ့ရပါတယ်။

မေး။     ။ ဘယ်လိုမျိုး ဖမ်းဆီးယူသွားတာပါလဲ။

ဖြေ။     ။ ကျမအမျိုးသားကို ဖမ်းသွားတော့ ကျမက နောက်က လိုက်သွားတဲ့ခါ ဖမ်းဆီးခံရတာပါ။

မေး။     ။ ဘယ်လိုမျိုး အကြမ်းဖက်မှုကို ခံခဲ့ရလဲဆိုတာကို အသေးစိတ် ပြောပြပေးပါ။

ဖြေ။     ။ ကျမအမျိုးသားရော့ ကျမပါ ရက်ရက်စက်စက် ရိုက်နှက်ခံခဲ့ရပါတယ်။

မေး။     ။ မမကို အဓမ္မ(လိင်ပိုင်းဆိုင်ရာ) ကျူးလွန်တာ ဘယ်အဖွဲ့အစည်းကပါလဲ။

ဖြေ။     ။ ကုလား ARSA အဖွဲ့ကပါ။

မေး။     ။ မမကို မတရားကျူးလွန်တာမှာ ဘယ်နှစ်ယောက်လောက်ပါ ပါသလဲ။

ဖြေ။     ။ ၂ ယောက်ပါ။

မေး။     ။ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လက်ထဲက ဘယ်လိုမျိုး ပြန်လွတ်မြောက်လာတာပါလဲ။

ဖြေ။     ။ ဒုက္ခရောက်ခံပြီး ခိုးထွက်လာတာပါ။ အစောင့်တစ်ယောက်ရှိတယ်။ သူ့ကို နားက ရွှေနားဒေါင်းကို ချွတ်ပြီး ပေးခဲ့ပါတယ်။ ကျမတို့ကို ရိုက်နှက်၊ မုဒိမ်းကျင့်ပြီးတဲ့နောက် အိမ်တစ်အိမ်မှာ ထားခဲ့တယ်။ အဲဒီအိမ်က အစောင့် အိမ်ပိုင်ရှင်ကို ရွှေနားဒေါင်းကို ချွတ်ပေးပြီး ထွက်ပြေးလာခဲ့ကြတာပါ။ ပထမ ကျမအမျိုးသား ထွက်ပြေးတယ်။ ကျမက အိမ်ပိုင်ရှင်ကို ပြောတယ်။ ကျမအသက်ကို ကယ်ပါလို့ ပြောပြီး ထွက်ပြေးလာခဲ့ပါတယ်။

မေး။     ။ သူတို့တွေ မတရားကျူးလွန်ဖို့ ကြိုးစားတဲ့ခါ ဘယ်လိုမျိုး ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါသလဲ။

ဖြေ။     ။ ကျမကိုတော့ နှုတ်ကြမ်းနဲ့ ဆဲတယ်။ ပြီးရင် ကျမအမျိုးသားကို ရိုက်နှက်ပြတယ်။ နင့်လင်ကို သတ်တာ နင်ကြည့်နေ။ ဒီလိုမျိုး နင့်လင်ကို အသက်သေအောင် သတ်ပစ်လိုက်မယ်လို့ ပြောတယ်။ ကျမကို ပါးစပ်ပိတ်ပြီးခေါ်သွားတယ်။

မေး။     ။ မတရားကျူးလွန်ခံရပြီးတဲ့နောက် အဲဒီမတရားကျူးလွန်တဲ့အဖွဲ့အစည်းက တခြားလူတွေကို ဖွင့်မပြောအောင် ဘယ်လိုမျိုး ဖိအားပေးတာရှိလဲ။

ဖြေ။     ။ သူတို့က စကားတစ်ခွန်းမှ မပြောဘူး။ အ,အလိုပဲ။ သူတို့က ဆက်တိုက်ရိုက်တာပဲရှိတယ်။ ကျမတို့ကိုလည်း စကားပြောခွင့်မပေးဘူး။ ငါတို့ သတ်ဖို့ တစ်ခုတည်းတတ်တယ်။ ငါတို့ လည်လှီးဖို့ တတ်တယ်။ ဟိန္ဒူတွေကို သတ်ဖို့လာတာလို့ ပြောတယ်။

မေး။     ။ မမကို လိင်ပိုင်းဆိုင်ရာ မတရားကျူးလွန်ခဲ့တဲ့လူတွေ တစ်ယောက်ချင်းစီကို အပြင်မှာ မြင်ရင် မှတ်မိနိုင်မလား။

ဖြေ။     ။ မှတ်မိပါတယ်။

မေး။     ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ လူတွေကိုကော အရင်က တွေ့ဖူးပါလား။

ဖြေ။     ။ မတွေ့ဖူးပါ။ အရင်က တစ်ခါမှ မမြင်ဖူးဘူး။

မေး။     ။ မောင်တောမြို့ထဲမှာ ပိတ်မိနေတဲ့ခါ တခြား ဘယ်လိုမျိုး အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါသလဲ။

ဖြေ။     ။ အမျိုးသားက အိမ်ပြင်ထွက်ပြီးလည်း အလုပ်မလုပ်နိုင်တော့ အငတ်ခံရတာရှိပါတယ်။ အခြားသူတွေက ပေးရင် စားရတယ်။ မပေးရင် မစားရပါဘူး။

မေး။     ။ မမကိုယ်တိုင်လည်း မတရားကျင့်ခံခဲ့ရတယ်။ မမအိမ်ရှင်လည်း အဖမ်းခံထားရတဲ့အချိန်မှာ ဘယ်လောက်ထိ ခံစားခဲ့ရပါသလဲ ပြောပြပေးပါ။

ဖြေ။     ။ အရမ်းခံစားရပါတယ်။ ကျမအမျိုးသားကို ကျမရှေ့မှာ ရိုက်နှက်တာကြောင့် သွေးတွေ ထွက်နေတာကို မြင်ရတယ်။

မေး။     ။ ဒီလိုမတရားကျူးလွန်ခံလိုက်ရတဲ့အတွက် မမ ဘယ်လိုမျိုး တရားမျှတမှုကို လိုချင်ပါသလဲ။

ဖြေ။     ။ ဖြစ်နိုင်မယ်ဆိုရင် သူတို့ကို သေနတ်နဲ့ ပစ်သတ်ပစ်လိုက်ရမယ်။ ကျမတို့မှာ အင်အားမရှိလို့ သူတို့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျမကိုယ်တိုင် ကျမလက်နဲ့ သတ်ချင်တယ်။  

မေး။     ။ မောင်တောမြို့ထဲမှာ အကြမ်းဖက်ခံရမှုတွေနဲ့ ပိတ်မိနေတဲ့အချိန် ဘယ်အဖွဲ့အစည်းက လာပြီးတော့ ကယ်ထုတ်ခဲ့တာပါလဲ

ဖြေ။     ။ AA ကပါ။

မေး။     ။ ခုလို ရက္ခိုင့်တပ်တော် AA ထိမ်းချုပ်ထားတဲ့ နေရာမှာ ခိုလှုံနေရတာ လုံခြုံမှုရှိတယ်လို့ ခံစားရပါလား။

ဖြေ။     ။ လုံးဝ လုံခြုံမှုရှိပါတယ်။

မေး။     ။ အခုလက်ရှိနေရာမှာ စားဝတ်နေရေးကော အဆင်ပြေပါလား။

ဖြေ။     ။ စားဝတ်နေရေးအဆင်ပြေပါတယ်။

မေး။     ။ စားဝတ်နေရေးကိုကော ဘယ်အဖွဲ့အစည်းက ထောက်ပံ့ပေးထားတာပါလဲ။

ဖြေ။     ။ ရက္ခိုင့်တပ်တော် AA က ကူညီထောက်ပံ့ပေးထားပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ