သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်ရွှေလေး ရေတပ်စခန်း (CNDSD) ကို AA သိမ်းပိုက်၊ မြို့နယ် ၁၁ ခုအထိ AA သိမ်းပိုက်ထား

AB News-စက်တင်ဘာလ ၆၊ ၂၀၂၄

သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် ကျန်ရှိနေသည့် မောင်ရွှေလေးရေတပ်ခေါ် (CNDSD) ကို အာရက္ခတပ်တော်က စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီတွင် အပြီးတိုင် သိမ်းပိုက်လိုက်ပြီးနောက် ပလက်ဝဒေသအပါအဝင် ရက္ခိုင်တွင် မြို့နယ် ၁၁ ခုကို AA က သိမ်းပိုက်ထားပြီးဖြစ်သည်။

သံတွဲပင်မရေတပ်စခန်းအား စစ်ကောင်စီတပ်အင်အား ၁၂၀၀ ကျော်တို့ဖြင့် ခုခံခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်တို့အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း AA ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

တိုက်ပွဲအတွင်း ကျရှုံးခဲ့သည် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀၀ ကျော်တို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပြီဖြစ်ကြောင်းလည်း AA က ဆိုသည်။

ထို့အပြင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိပြီး AA ထုတ်ပြန်သည့် ဓာတ်ပုံတွင် စစ်တပ်သုံး ရဟတ်ယာဥ်တစ်စင်းကိုလည်း သိမ်းဆည်းရမိသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် ဒဏ်ရာရ စစ်သားများစွာတို့ကို စစ်တွေနှင့် ဧရာဝတီတိုင်းဖက်သို့ ပို့ဆောင်နိုင်ခဲ့ကြောင်းလည်း သိရသည်။

 အာရက္ခတပ်တော်သည် ရက္ခိုင်တွင် (၁) မြေပုံ (၂) မင်းပြား (၃) မြောက်ဦး၊ (၄) ကျောက်တော် (၅) ပုဏ္ဏားကျွန်း၊ (၆) ပေါက်တော၊ (၇) ရသေ့တောင် (၈) ဘူးသီးတောင် (၉) ရမ်းဗြဲ (၁၀) သံတွဲ နှင့် ပလက်ဝ ဒေသတို့အား သိမ်းပိုက်ထားပြီးဖြစ်ကာ မောင်တောတွင်လည်း နောက်ဆုံးလက်ကျန်အဖြစ် နခခ (၅) တစ်ခုသာ ကျန်တော့သည်ကိုတွေ့ရသည်။

ထို့အပြင် စစ်တွေတွင်လည်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး၊ အမ်းတွင်လည်း အမ်းမြို့နယ်ရှိ နေရာအများစုကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။

ဂွမြို့နှင့် တောင်ကုတ်မြို့နယ်များကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်က တရားဝင် ကြေညာထားပြီဖြစ်သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။