သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ် ပြားသားရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်၍ စစ်ဘေးရှောင် ၄ ဦးသေဆုံးပြီး ၊ စစ်ဘေးရှောင်ဆရာတော် ၁ ပါးအပါအဝင် ၂ ဦး ပြင်းထန်ဒဏ်ရာရ

AB News – နိုဝင်ဘာ ၂ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ်  ပြားသားရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက Jet Fighter မှ Cluster ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင် ၄ ဦးသေဆုံးပြီး စစ်ဘေးရှောင် ၁ ဦးနှင့် ဆရာတော်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရှိရသည်။

သေဆုံးသွားသူများမှာ မောင်တောမြို့ ထဲမှ ဖြစ်ကြပြီး ၎င်းတို့မှာ

၁။ ဒါက်ရွာ၊ ရပ်ကွက် (၁) မှ ရွှေကျော်(ခ) ညီ‌ချေ အသက်၅၆ နှစ်

၂။ မစောရီ (ခ) မစိန်ဘု အသက် ၆၄ နှစ် တို့မှာ လင်မယား ၂ ဦးဖြစ်ကြပြီး၊

၃။ ဒါက်ရွာ၊ ရပ်ကွက် (၁)မှ အဖ ဦးထွန်းထွန်းနိုင်၏သား ထွန်းထွန်းဝင်း အသက် ၁၇နှစ်

၄။ မြို့မရပ်ကွက်မှ ဦးမောင်သန်း အသက် ၆၄နှစ်တို့နှင့်

ဒါဏ်ရာရသွားသူများမှာ

၁။ မောင်တောမြို့၊ မြို့ဦးကျောင်းတိုက်မှ တောဇောဘာသ သက်တော် ၇၂နှစ်

၂။ ရက်ကွက် ၁ မှ ဦးထွန်းထွန်းနိုင် အသက် ၄၇နှစ် တို့ ဖြစ်ကြသည်။

ယနေ့ ၊နိုဝင်ဘာလ ၂ ရက်နေ့ ၊ ညဥ့်၆ နာရီမှ ၇ နာရီ ၂၀ မိနစ်အချိန်ထိ စစ်ကောင်စီက မောင်တောမြို့နယ်ကို Jet Fighter တစ်စီးဖြင့် ဗုံး ၅ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း AB News သတင်းထောက်များကဆိုသည်။

“စစ်ကောင်စီက ဒီနေ့ညဥ့် ၆ နာရီ မှ ၇ နာရီကျော်ထိ ဂျက်နဲ့လာချတာ ။ ဗုံးကတေ့ာ ၅ လုံးပါ၊ ပြားသားရွာ ဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ် ၊ စစ်ဘေးရှောင် ၄ ယောက်သေဆုံးပြီး ၊ စစ်ဘေးရှောင် ၁ ဦးနှင့် စစ်ရှောင် ၁ ယောက်၊ ဆရာတော် တစ်ပါးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်” ဟုဆိုသည်။

စစ်ကောင်စီက မောင်တောမြို့ကို Jet Fighter ဖြင့် ညဥ့် ၆ နာရီ ၄၉ မိနစ်တွင်တစ်ကြိမ် ၊ ၆ နာရီ ၅၆ မိနစ်တွင် တစ်ကြိမ် ၊ ၇ နာရီ ၁ မိနစ် တွင် တစ်ကြိမ် ၊ ၇ နာရီ ၁၇ မိနစ်တွင် တစ်ကြိမ် နှင့် ၇ နာရီ ၂၀ မိနစ်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

ထပ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ ၊ မွမ်းလွှဲ ၉ နာရီ ၂၀ မိနစ်မှာ ဗုံးတစ်လုံး ၊ ၉ နာရီ ၂၂ မိနစ်မှာ ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ၉ နာရီ ၂၃ မိနစ်တွင်း ရဟတ်ာဥ်ပေါ်မှ စက်သေနတ်ဖြင့်မောင်တောမြို့ကို ပစ်ခတ်ခဲ့သည်။

မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီက ရဟတ်ယာဥ် ၃ မျိုး – Jet Fighter ၊ ATR 42 ၊ Y12 တို့ကို အသုံးပြုကာ တိုက်ခိုက်လျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ