သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး စနိုက်ဘာကျည် ထိမှန် ဒဏ်ရာရ၊ မောင်တောတိုက်ပွဲ ဆက်လက်ပြင်းထန်နေ
စနိုက်ဘာကျည်မှန်ဒဏ်ရာရသွားသည့်ကလေးငယ်

AB News – အောက်တိုဘာ ၂၉ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ မောင်တောမြို့၊ မြို့သူကြီး နခခ ၅ မှ ပစ်ခတ်လိုက်သည့် Sinper ကျည်ထိမှန်၍ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ မောင်တောမြို့တိုက်ပွဲမှာဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရှိရသည်။

ဒဏ်ရာရရှိသွားသောကလေးငယ်မှာ မောင်တောမြို့နယ်၊ ကံပြင်သာစည်ရွာမှ အဖ ဦးမောင်အေးသန်း၏သား အသက် ၅ နှစ်အရွယ် မောင်ကျော်ထွန်းလင်းဖြစ်ပြီး ၎င်း၏ ဘယ်ဘက်ဝမ်းဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ကလေးငယ်အား ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင် တစ်ဦးက AB News သို့ပြောသည်။

“ပြီးခဲ့တဲ့နေ့ ၊ ည ၄ နာရီ ၁၅မိနစ်လောက်မှာ ကလေးက ရွာထဲကိုလမ်းလျှောက်သွားနေတာ။ အိမ် အပြန်လမ်းမှာ နခခ ၅ ကပစ်တဲ့ကျည်ထိသွားတယ်။ ဝမ်းဗိုက်မှာထိသွားတာပါ ” ဟုဆိုသည်။

၎င်းသည် ညနေပိုင်းအိမ်ရှေ့လမ်းမပေါ်တွင် ငါးရောင်းနေသည်ကို သွားကြည့်၍အပြန်လမ်းတွင် နခခ ၅ မှ ပစ်ခတ်သည့် ပွိုင့်ဖိုက်စနိုင်ဘာကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ပွိုင့်ဖိုက် စနိုင်ဘာ ကျည်အရှည်သည် ၅ လက်မခွဲရှိပြီး မီတာ ၁၈၀၀ မှ မီတာ ၆၈၀၀ ကြား၊ မိုင်းအားဖြင့်ဆိုသော် ၃မိုင်အထိ ပစ်ခတ်နိုင်သည့် ကျည်အမျိုးအစားဖြစ်ကြောင်းသိရသည်။

ကံပြင်သာစည်ရွာနှင့် နခခ ၅ အကွာအဝေးသည် ၂ မိုင်ကျော်ခန့်ကွာဝေးသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်၊ ညဥ့် ၂ နာရီကျော်တွင်လည်း စစ်ကောင်စီ၏ Y12 ဗုံးကြဲလေယာဥ်သည် နခခ ၅ သို့လာရောက်ပြီး ရိက္ခာနှင့် စစ်လက်နက်အချို့ ချပေးခဲ့သည်ကို AB News သတင်းထောက်များက တွေ့ရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ ၊ညည့် ၁၂ နာရီ ၄၈ မိနစ်၊ ၁၂ နာရီ ၅၅ နှင့် ၁ နာရီ အချိန်တွင် မောင်တောမြို့ ၊ ၃ မိုင်အနားကို ဂျက်တိုက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် Y 12 ဖြင့် ရိပ်က္ခာများနှင့် လက်နက်ခဲယမ်းများလည်းချပေးခဲ့​သေးသည်။

ထို​ကဲ့သို့ စစ်ကောင်စီသည် ဂျက်တိုက်လေယာဥ်များ ၊ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများမှာ နေအိမ်များကို စွန့်ခွာကာ တော ၊ တောင် များတွင် သွားရောက်နေထိုင်နေကြရသည်။

မြို့သူကြီး နခခ ၅ တပ်ရင်းထဲ၌ အမိန့်ပေးကွပ်ကဲနေသူမှာ တပ်မမှူး ( ဗိုလ်မှူးချုပ် )သူရိန်ထွန်းဖြစ်ကြောင်း သိရသည်။

မောင်တောရှိ ဒေသခံပြည်သူများမှာ တောတောင်များသို့ ထွက်ပြေးနေရပြီး ဆင်အန္တရာယ်ကိုလည်း ကြောက်လန့်နေကြရသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီသည် နခခ ၅ လက်မလွှတ်ရစေရေးအတွက် ပြည်သူများ အိပ်ပျော်နေသည့် ညဥ့်အချိန်၌ ဂျက်ဖိုက်တာ၊ Y 12 ၊ ATR 42 ကင်းထောက်လေယာဥ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်လာသည်ကို တွေ့ရသည်။

လက်ရှိ ဂွ၊ အမ်း၊ မောင်တောတို့တွင် အာရက္ခတက်တော် AA နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိသည့်အတွက် စစ်ကောင်စီဘက်မှ လူအင်အား၊ ရိက္ခာများဖြည့်တင်းလာနေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ