
AB News – ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
ဂျူလိုင်
မဟာမိတ်ထက်ပိုသော ဆက်ဆံရေးများအတွက် ULA/ AA အား လေးစားကျေးဇူးတင်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC-MDF က ယနေ့တွင် ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် တပ်မှုးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC/MDF တို့ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
”ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများပြသပေးခဲ့သည့် ULA/ AA အား လေးစားကျေးဇူးတင်ရှိပြီး၊ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှုနှင့် နားလည်မှုများအပေါ် အခြေခံကာ ပိုမိုခိုင်မာသော လက်တွဲပူးပေါင်းမှုများ တည်ဆောက်သွားလိုပါသည်” ဟု MTC/MDFက ဆိုသည်။
MDF (မရာဒေသ ကာကွယ်ရေးအဖွဲ့)သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော Chin Brotherhood Alliance ၏ အဖွဲ့ဝင်လည်းဖြစ်သည်။
ပုံ – MTC/MDF
#MTC/MDF
#ULA/AA
#တွေ့ဆုံမှု