သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ သေဆုံးပြီး သာသနိကအဆောက်အဦးပျက်စီး

ယနေ့ ဇွန်လ ၉ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်က မင်းပြားမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးပွဲချင်းပြီး သေဆုံးသွားပြီး ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသွားသည့်အမျိုးသမီးမှာ မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက်၊ စွန်ရဲလမ်းမှ အဖဦးအောင်သိန်းကျော်၏ သမီးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ယဥ်ယဥ်အေးဖြစ်ပြီး ပျက်စီသွားသည့် သာသနိအဆောက်အဦးမှာ ဓမ္မိကာရုံကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းဖြစ်သည်။

ဇွန်လ ၉ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်ဖြင့် မင်းပြားမြို့ထဲရှိ သာသနိက အဆောက်အဦးအား ပစ်ခတ် တိုက်ခိုက်၍ ပျက်စီးသည်ကိုတွေ့ရစဥ်/ဓာတ်ပုံ-ABN

အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါ်ယဥ်ယဥ်အေး၏ ခန္ဓားကိုယ်အနှံ့နှင့် တင်ပါးများမှ ဗုံးစထိမှန်ကာ သေဆုံးသွားခြင်းဖြစ်ပြီး၊ ဘုန်းတော်ကြီးကျောင်းတွင် ခေါင်းမိုးများနှင့် ကျောင်းတွင်းရှိ သာသနိကပစ္စည်းများစွာ ပျက်စီးသွားကြောင်း မြို့ခံ ၁ ဦးက အတည်ပြုပြောသည်။

“Jet Fighter က နေ့လည် ၂ နာရီခွဲလောက်မှာ လာပစ်သွားတာပါ။ မြို့ထဲကို ပစ်တာ၊ အိမ်မှာနေတဲ့ အမျိုးသမီး ၁ ဦး သေသွားပါတယ်။ ဘုန်းကြီးကျောင်းဆိုလည်း အကုန်ပျက်စီးသွားပါတယ်။ ခေါင်းမိုး ဘာမှမကျန်ဘူး။ ကျောင်းထဲမှာလည်း ပစ္စည်းတွေ အများကြီးပျက်စီးသွားပါတယ်” ဟုပြောသည်။

ဇွန်လ ၉ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်ဖြင့် မင်းပြားမြို့ထဲရှိ သာသနိက အဆောက်အဦးအား ဓမ္မိကာရုံကျောင်းတိုက် ပစ်ခတ် တိုက်ခိုက်၍ ပျက်စီးသည်ကိုတွေ့ရစဥ်/ဓာတ်ပုံ-ABN

ထို့အပြင် ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင်မောင်တောမြို့နယ် ကိုင်းကြီး ( မြို) ရွာသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းထိုင် ဆရာတော်တစ်ပါးနှင့် ကလေး ၂ ဦးဒဏ်ရာရရှိသွားပြီး နွားတစ်ကောင်သေဆုံးသွားခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ ကိုင်းကြီး (မြို )ရွာတွင် သီတင်းသုံးနေထိုင်လျက်ရှိသည့် ဝါတော် ၂၂ ဝါ သက်တော် ၄၃နှစ် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝန ( ဦးခေါင်းပွန်းပဲ့ဒဏ်ရာ) အဖ ဦးရင်ရိုင်း၏သမီး အသက် ၉ နှစ်အရွယ် မရီသူမ (ဘယ်ဘက်လက်ပွန်းပဲ့ဒဏ်ရာ) အဖ ဦးယိုင်မောင်သိန်း၏သား အသက် ၁၂ နှစ်အရွယ် ကိုကိုမောင် ( ဘယ်ဘက်လက်ဒဏ်ရာ) တို့ဖြစ်ပြီး ဦးရိန်မာန်ပိုင်ဆိုင်သည့် ၃ နှစ်သား နွားထီးတစ်ကောင်လည်း ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

စစ်ကောင်စီသည် စစ်ဖက် အရပ်ဖက် ခွဲခြား သတ်မှတ်ခြင်းမပြုဘဲ လူ‌နေရပ်ရွာများ၊ သာသနိက အဆောက်အဦးများ၊ ဆေးရုံ ဆေးခန်းများနှင့် စစ်ဘေးရှောင် လူစုလူဝေးရှိရာ နေရာများသို့ တမင် ရည်ရွယ်ချက် ရှိရှိ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက် စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ချိုးဖောက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ