သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုနယ်တွင် ခိုလှုနေသည့် ပေါက်တောစစ်ဘေးရှောင်များ အလှူခံစားနေရ

AB News – ဇူလိုင် ၁၈၊ ၂၀၂၅

မင်းပြားမြိုနယ်တွင် ခိုလှုနေကြရသည့် ပေါက်တောမြိုနယ်မှ စစ်ဘေးရှောင်ပြည်သူများသည် ၎င်းတို၏ နေ့စဉ်စားဝတ်နေရေးအတွက် အလှူခံ၍ ရပ်တည်နေရကြောင်း တွေ့ရသည်။

စစ်ဘေးရှောင်များထဲတွင် အထူးသဖြင့် သက်ကြီးပိုင်း အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ ပါဝင်ပြီး ၎င်းတိုသည် ဝေးလံသော မြောက်ဦး၊ မင်းပြားသို ခြေလျင်လျှောက်ကာ အလှူခံနေကြရသည်။

အသက် ၈၀ ကျော်အရွယ် သက်ကြီးပိုင်းအမျိုးသမီး ဒေါ်မဲမကြီးက “ကျမတို စစ်ဘေးရှောင်စခန်းမှာ ငတ်မွတ်နေကြတယ်။ မင်းပြား၊ မြောက်ဦးသို သွားပြီး အလှူခံလို စားနေရတယ်” ဟု ပြောသည်။

၎င်းစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်စရာ အမိုးအကာ စသည့် အခြေခံလိုအပ်ချက်များ အပြင်းအထန် လိုအပ်လျက်ရှိသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် အလျား ၈ ပေ၊ အနံ ၆ ပေခန့်ရှိသော ယာယီတဲအိမ်များတွင် ခက်ခက်ခဲခဲ နေထိုင်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ