AB News-ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅
ရက္ခိုင်ပြည် မင်းပြားမြို့တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သူခိုးများ ခိုးသွားသည့် ဆိုင်ကယ်များကို ပိုင်ရှင်များအား ခေါ်ယူကာ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှ ပြန်ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သူခိုးလက်ထဲမှ DLEPSအဖွဲ့ ပြန်လည် သိမ်းဆည်းရထားသည့်ဆိုင်ကယ် ၂၅ စီးကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ပိုင်ရှင်များမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်အပ်ပွဲပြုလုပ်သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပိုင်ရှင် ၉ ဦးသာ လာရောက် ထုတ်ယူခဲ့ပြီး ကျန်ရှိနေသေးသည့်ဆိုင်ကယ်များကိုလည်း အချက်အလက်အစုံဖြင့် လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။