သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မကွေးနှင့် ရက္ခိုင်နယ်စပ် ရှေ့တန်းစစ်မျက်နှာမကျရှုံးစေရေး စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို အဓိက ပို့ဆောင်နေ

AB News – သြဂုတ် ၆၊ ၂၀၂၅
ဒေဝီ

မကွေးတိုင်းနှင့် ရက္ခိုင်ပြည်နယ်စပ်ရှိ ရှေ့တန်းစစ်မျက်နှာသို့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားအများအပြား ပို့ဆောင်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များမှ သိရှိရသည်။

ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့က စစ်မှုထမ်းများ အပြည့် တင်ဆောင်လာသည့် စစ်ကား အစီး ၂၀ သည် မိတ္ထီလာမြို့မှ မကွေးမြို့ပေါ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ကားတစ်စီးလျှင် ၃၀ ဦး ခန့်ပါသည့် စစ်မှုထမ်းတပ်သားသစ်များပါသည့် ကားအစီးပေါင်း ၂၀ ကျော်သည် ထိုနေ့ ညနေ ၅ နာရီဝန်းကျင်က ငဖဲဘက်သို့ ရောက်ရှိသွားကြောင်း သိရသည်။

ငဖဲ-ပဒါန်းအနီးရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းဝန်းကျင်တွင် အာရက္ခတပ်တော် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲများပြင်းထန်လျက်ရှိပြီး AA နှင့် ပူးပေါင်းတပ်များက MPT တာဝါတိုင်ကုန်းကိုလည်း သိမ်းယူထားပြီဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကို ရိက္ခာဖြတ်တောက်မှုများရှိနေပြီး ထိုစခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းနှင့် စစ်ကောင်စီတပ်သား ၂၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း စစ်ကောင်စီ၏ တပ်တွင်းနိုင်ထက်စီးနင်း အနိုင်ကျင့်မှုများကြောင့် စစ်ကောင်စီ၏ အမ်း-ပဒါန်း စစ်မြေပြင်နှင့် စစ်တွေစစ်မြေပြင်မှ တပ်သား ၄ ဦးအထိ ULA/AA ထံ လက်နက်ချ အလင်းဝင်လာခဲ့သည်ကို တွေ့ရှိရသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် တိုင်းဒေသနှင့် မြို့နယ်များတွင် အတင်းအဓမ္မတပ်သားသစ်များ စုဆောင်းနေသောကြောင့် ဒေသခံပြည်သူများမှာ လွတ်မြောက်နယ်မြေများသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်