သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်းမှ ခမီလူမျိုး ၇ ဦးအား အကြမ်းဖက်လက်နက်ကိုင်မူဆလင်များ ရက်စက်စွာ သတ်ဖြတ်၊ လက်တုံ့ပြန်သွားမည်ဟု AA ဆို

AB News-ဇူလိုင် ၂၅၊ ၂၀၂၄

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ် အမှတ် ၄ ရပ်ကွက်ရှိ ဂန္ဓာရီစစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှ ရက္ခိုင်မျိုးနွယ်စုဝင် အပြစ်မဲ့ ခမီလူမျိုး ၇ ဦးအား အကြောင်းမဲ့ စစ်ကောင်စီက သင်တန်းပေးထားသည့် မူဆလင်လက်နက်ကိုင် အကြမ်းဖက်များက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း အာရက္ခတပ်တော်က ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ ရက္ခိုင်မျိုးနွယ်စုဝင် ခမီ လူနည်းစုများဖြစ်ပြီး ၎င်းလူမျိုးများမှာ တောင်ယာကို အဓိက အားကိုး လုပ်ကိုင်စားသောက်ကြသူများဖြစ်သည်။

၎င်းတို့ ၇ ဦးသည် ဇူလိုင်လ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ကယ်ဆယ်ရေးစခန်းမှ ထွက်ခွားသွားခဲ့ကြခြင်းဖြစ်ပြီး အိမ်ပြန်မရောက်သည့်သောကြောင့် AA ထံတွင် လာတိုင်၍ ရှာဖွေရာ လက်ပြန်ကြိုးတုတ်လျှက် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း AA ကထုတ်ပြန်သည်။

“ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ (၃) ဦး၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။

ထို့အတူ အခြားသော (၄) ယောက် ဖြစ်ကြသော ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦး တို့ကိုလည်း  ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်၊ နေ့လယ် (၁) နာရီအချိန် ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။” ဟုထုတ်ပြန်ပါရှိသည်။

ထို့အပြင် ကျူးလွန်သူများအား ရှာဖွေအရေးယူသွားမည်ဖြစ်သည့်အပြင် အာရက္ခဒေသနေပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မူဆလင်များအား ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဟုလည်း ဆိုထားသည်။

“ဤအကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသောသူများအား အာရက္ခတပ်တော်မှ အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်သည်။ ထို့အပြင် အာရက္ခဒေသနေပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မူဆလင်များအား ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ်သည်။” ဟုဆိုသည်။

အကြမ်းဖက်လက်နက်ကိုင်မူဆလင်များသည် မောင်တောမြို့နယ်တွင် ဒေသခံအပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများကို ရက်စက်စွာ ကျူးလွန်လျက်ရှိသည်ကိုလည်း AB News က တွေ့ရှိရသည်။

မောင်တောမြို့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်ရှိနေသည့် နယ်ခြားစောင့်တပ်ခွဲ ၅ အား အပြီးသတ် သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် AA အရှိန်အဟုတ်မြှင့် တိုက်ခိုက်လျက်ရှိကြောင်း မောင်တောမြို့ခံသားများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ