သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် အစိုးရကို အာရက္ခတပ်တော်နှင့် ထိတွေ့ဆက်ဆံရန် ICG အဖွဲ့တိုက်တွန်း

AB News-သြဂုတ် ၂၈၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဘင်္ဂလား-မြန်မာနယ်စပ်တွင် နိုင်ငံသစ်ပေါ်ထွက်ရန် တာစူနေသည့် အာရက္ခတပ်တော် နှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း International Crisis Group (အပြည်ပြည်ဆိုင်ရာအကျပ်အတည်းများ လေ့လာရေးပညာရှင်များအဖွဲ့-ICG) ၏ သြဂုတ် ၂၇ ရက်နေ့ထုတ် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

အာရက္ခတပ်တော်သည် ရက္ခိုင်ပြည် မြောက်ပိုင်းနှင့် အလယ်ပိုင်း နေရာအများစုကို တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်ကာ များမကြာမီအချိန်တစ်ခုတွင် မြန်မာစစ်တပ် (စစ်ကောင်စီ) တစ်ခုလုံးအား ရက္ခိုင်ပြည်မှာ မောင်းထုတ်နိုင်တော့မည်ဟု ယူဆကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဘေးအန္တရာယ်များ၊ ဥပဒေရေးရာ အကန့်အသတ်များကို သတိထားရမည့် တစ်ချိန်တည်း၌ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အာရက္ခတပ်တော် အေအေ နှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ICG က အကြံပြုထားခြင်းဖြစ်သည်။

သီးခြားလွတ်လပ်သည့် နိုင်ငံငယ်အဖြစ် ပေါ်ထွက်လာမည့် ၎င်း၏ ထိန်းချုပ်နယ်မြေကို အုပ်ချုပ်ရန် အာရက္ခတပ်တော်က ကြိုးပမ်းစဉ် ရက္ခိုင်ပြည်သည် လွန်စွာကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

စစ်ကြောင့် ဒေသခံများ အရေအတွက် သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာကြရပြီး မရှိမဖြစ်လိုအပ်သော ကုန်စည်ပစ္စည်းများ အေအေ၏ နယ်မြေများသို့ မဝင်ရောက်စေရန် စစ်တပ်က ပိတ်ဆို့ထားရာ အရပ်သားများ ထိုဒဏ်ကို ခံစားနေရသော အစိုးရများနှင့်သာ ပူးပေါင်းဆောင်ရွက်ရာတွင် အသားကျနေပြီဖြစ်သည့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိန်ခေါ်မှုများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရမည့် နည်းလမ်းများကို နိုင်ငံတော်အစိုးရမဟုတ်သော အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်နှင့် ပူးပေါင်း၍ ဆုံးဖြတ်၊ အဖြေရှာရမည်ဟုလည်း ICG ကအကြံပြုထားသည်။

တခြားတဖက်တွင် အာရက္ခတပ်တော်အား လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေပြီး ထိုသို့ ဖြစ်ရပ်များအား အများလက်ခံနိုင်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ပြီး မူဆလင် (မူရင်း ရိုဟင်ဂျာ) ခေါင်းဆောင်များနှင့် အေအေအနေဖြင့် ဆွေးနွေးသင့်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

မူရင်းသတင်းအားဖတ်ရန်-https://www.crisisgroup.org/…/339-breaking-away-battle…

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။