သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ARSA အဖွဲ့က မုဒိန်းကျင့်ခံရန် ငြင်းဆိုသည့် အမျိုးသမီး ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်

AB News-နိုဝင်ဘာ ၃၀၊ ၂၀၂၅

ကော့ဇ်ဘဇာခရိုင်၊ တက္ကနာ့ဖ်မြို့နယ်၊ ဒုက္ခသည်စခန်းအမှတ် ၂၅ တွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးမှာ ARSA အကြမ်းဖက်အဖွဲ့ဝင် တစ်ဦး မုဒိန်းကျင့်ရန် ကြိုးစားသည်ကို ငြင်းဆိုခဲ့သည့်အတွက် သေနတ်ဖြင့် အသေပစ်သတ်ခံလိုက်ရကြောင်း Teknaf Today သတင်းဌာန၏ နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်သည့်သတင်းအရ သိရသည်။

ကျူးလွန်ခံရသူမှာ အသက် ၃၀ နှစအရွယ် Israt Fatema ဖြစ်ပြီး ၎င်း၏ မိသားစုနှင့်အတူ စခန်းအမှတ် ၂၅ တွင် နေထိုင်သူဖြစ်သည်။ သူမ၏ အမျိုးသားဖြစ်သူ Abdul Hafez မှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေကြောင်း သိရသည်။

မုဒိန်းကျင့်ရန် ကြံစည် သတ်ဖြတ်သူမှာ Abdul Hafez ၏ ညီ အသက် ၂၅ နှစ်အရွယ် Mohammad Sharif ဖြစ်ပြီး ၎င်းသည် ARSA အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးဖြစ်ကာ သူ၏ မရီးတော်စပ်သူ Israt Fatema အား အကြိမ်ကြိမ်အခါခါ မုဒိန်းကျင့်ကြိုးစားခဲ့သော်လည်း သူမ၏ ငြင်းဆိုမှုကြောင့် မအောင်မြင်ခဲ့ကြောင်းလည်း ဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် Mohammad Sharif သည် မုဒိန်းကျင့်ရန် ကြိုးပမ်းစဥ် ငြင်းဆိုသဖြင့် သူမအား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တက္ကနာ့ဖ်အခြေစိုက် မီဒီယာများ၏ အတည်ပြုချက်အရ ထိုဖြစ်စဥ်တွင် ARSA အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးလည်း ပူးပေါင်းပါဝင်ကြောင်း ဆိုသည်။
ARSA အကြမ်းဖက် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းအတွင်း မုဒိန်းကျင့်ခြင်း၊ အဓမ္မလုယက်ခြင်း၊ အဓမ္မ လူသစ်စုဆောင်းခြင်းများကို ကျူးလွန်နေသည့်အပြင် ရက္ခိုင်ပြည် ဘူးသီးတောင်၊ မောင်တော ဒေသတို့တွင်လည်း ဒေသခံပြည်သူများ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

Refugee #Rape_case #Muslims #Bangladesh #Arakan #ARSA #ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ