သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာ ဗုံးကြဲခံရမှုအတွင်း ပြည်သူ ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

AB News – အောက်တိုဘာ ၃၁၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်တွက် ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၉ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီ၊ ၄၀ မိနစ်ခန့်အချိန်တွင် အကြမ်းဖက် စစ်ကော်မရှင်တပ်က ပန်းနီလာကျေးရွာစာသင်ကျောင်းအနီးဝန်းကျင်နှင့် ပုဏ္ဏားကျွန်းမြို့ထဲကို ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသမီး ၁ ဦးက AB News သို့ ပြောသည်။

” ဒီနေ့ မနက် ၁၁ နာရီခွဲအချိန်မှာ ပန်းနီလာရွာထိပ်ကို Y-12 နဲ့ ဗုံးကြဲသွားတာ။ စာသင်ကျောင်းရှေ့က ဆိုင်မှာကျတယ်။ ၄ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက်ထပ် ၉ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူတွေထဲ ၆ ဦးက စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်” ဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ပြည်သူ ၉ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ တစ်ရက်တည်းတွင် အကြမ်းဖက် စစ်ကော်မရှင်က ရက္ခိုင်မှ မြို့ ၃ မြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ယမန်နေ့ နေ့လယ် ၁နာရီကျော်အချိန်တွင် စစ်ကောင်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့အနီးတဝိုက်ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ရော့ကတ် ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယမန်နေ့၊ နံနက် ၈ နာရီခွဲအချိန်တွင် မူစဲကမ်းကျွန်း၊ အောက်ဇီးကိုင်းကျေးရွာကို ဒရုန်းဖြင့် ၃ ကြိမ်တိုင် ဒရော့ဗုံး ၁၀ လုံးခန့်ကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ