သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကော်မရှင်၏ လေကြောင်းအပါအဝင် လက်နက်ကြီး ပတ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၂၁ ဦး သေဆုံး ၊ ၃၀ ဦးဒဏ်ရာရ

AB News – နိုဝင်ဘာ ၂၂ ၊ ၂၀၂၅
ဂျူလိုင်

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ၃ ပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်၏ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၁ ဦးထက်မနည်းသေဆုံးပြီး ၊ ၃၀ဦးခန့် ထိခိုက်ဒဏ်ရာရှိသွားကြောင်းသိရသည်။

အကြမ်းဖက်စစ်ကော်မရှင်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးသွားသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ ၁၂ ဦး ၊ မင်းပြားမြို့မှ ၅ ဦး ၊ ကျောက်ဖြူမြို့နယ်မှ ၃ ဦး နှင့် ဂွမြို့နယ်မှ ၁ ဦးစသည့် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၂၁ ဦး အထိရှိလာသည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်မှ ၁၅ ဦး ၊ မင်းပြားမြို့မှ ၁၀ ဦး ၊ ပေါက်တောမြို့နယ်မှ ၃ ဦး ၊ ကျောက်ဖြူမြို့နယ်မှ ၅ ဦး ၊ ဂွမြို့နယ်မှ ၂ ဦး စုစုပေါင်း ၃၀ဦးခန့်အထိ ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ၊ နံနက် ၁၁နာရီ ၊ ၃၀ မိနစ်ခန့်တွင် ပုဏ္ဏကျွန်းမြို့နယ် ၊ ယိုးတရုပ်ရွာသို့ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ ဦး ၊ အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးပြီး ၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ၇ ဦး ဒဏ်ရာရရှိသွားသည်။

ထို့ပြင် နံနက် ၁၁ နာရီ ၊ ၂၉ မိနစ်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို အသေခံဒရုန်းဖြင့် ဗုန်း ၂ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၊ နံနက် ၁၁ နာရီခန့်ကလည်း ကွမ်းတောင်ကျေးရွာကို စစ်တွေအခြေစိုက် ခမရ ၃၄၄ မှ ၁၂၀ မမ လက်နက်ကြီးဖြင်ပစ်ခတ်၍ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရှိခဲ့သည်။

အလားတူ ယင်းနေ့တစ်ရက်တည်းတွင်လည်း ည ၈ နာရီ ၊ ၁၅ မိနစ် ဝန်းကျင်က မင်းပြားမြို့ ၊ မြို့သစ်ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် အသက်မပြည့်သေးသော ကလေးငယ် ၂ ဦးနှင့်အမျိုးသား ၃ သေဆုံးပြီး ၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။

တဖန် နိုဝင်ဘာလ ၈ ရက် ၊နေ့လယ် ၂ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျောက်သံခြေကျေးရွာနှင့် ကြိမ်သာကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ ၊ စက်သေနက်ဖြင့် ပစ်ခတ်မှုများကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦးသေဆုံးခဲ့သည်။

ထိုနေ့တစ်ရက်တည်းတွင်လည်း နေ့လယ် ၂နာရီခန့်က ပေါက်တောမြို့ပေါ်သို့ ဂျက်ဖိုင်တာဖြင့် ပေါင် ၅၀၀ ဗုံးအပါဝင် ၊စက်သေနက်များဖြင့်ပစ်ခက်ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၁၁ ရက် ၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က စစ်တွေမြို့မှ လက်နက်ကြီးများဖြင့် ညပစ်ခတ်မှုကြောင့် ပေါက်တောမြို့ပေါ်အပါဝင် ငပြီကျွန်းရွာအနီးသို့ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါဝင် ၃ ဦးဒဏ်ရာရရှိကြောင်းသိရသည်။

ထို့နောက် နိုဝင်ဘာလ ၁၅ ရက် ၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာနှင့် နွားတင်းကုပ်ကျေးရွာကို ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယင်းအပြင် နိုဝင်ဘာလ ၁၇ ရက်နေ့က ကျောက်ဖြူမြို့နယ် ၊ ဇင်းချောင်းတိုက်နယ်ရှိ အလယ်ရွာသစ်နှင့် တောင်ငူကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် တောင်ငူကျေးရွာမှ ကျောင်းသူ ၁ ဦးအပါဝင် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၊ အလယ်ရွာသစ်ကျေးရွာမှ ၂ ဦးဒဏ်ရရှိသွားသည်။

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဂွမြို့နယ် ၊ ကျိန္တလီမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး ၊ အမျိုးသာ ၂ ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ အကြမ်းဖက်စစ်ကော်မရှင်သည် အာရက္ခတပ်တော်ထိန်းချုပ်ထားသော ဒေသများကို လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးတိုက်ခိုက်မှု နှင့် ဒရုန်းတိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်နေကြောင်း တွေ့ရသည်။

အာရက္ခတပ်တော်ကလည်း အရပ်သားပြည်သူများအား လေကြောင်းရန် ပိုမိုသတိထားကြရန်လည်း အသိပေးနှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ