သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုဝင်ဘာလအတွင်း နိုင်ငံအဝန်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၅ ဦးသေဆုံး

AB News – ဒီဇင်ဘာ ၃၊ ၂၀၂၅
အောင်စိုး

နိုင်ငံအဝန်း စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် ၁၅ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၁) ဦး၊ အမျိုးသား (၂၄) ဦး စုစုပေါင်းသေဆုံးပြည်သူ ၄၅ ဦးအနက် ၁၅ ဦးမှာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

သေဆုံးသူများအနက် ၂၃ ဦးမှာ ရက္ခိုင်ဒေသမှဖြစ်ပြီး တစ်လအတွင်း သေဆုံးမှုအမြင့်ဆုံး ဒေသဖြစ်ကြောင်း ဆိုသည်။

စုစုပေါင်းသေဆုံးသူ ၄၅ ဦးစာရင်းကို AAPP မှ အမည်နှင့်တကွ အတည်ပြုသတ်မှတ်ထားပြီး အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး သေဆုံးပြည်သူ ၆၅ ဦးရှိနေသေးကြောင်း AAPP က ပြောသည်။

တစ်ဖက်တွင်လည်း ရွေးကောက်ပွဲကို နှောင့်ယှက်သည်ဟုဆိုကာ ရွေးကောက်ပွဲဆိုင်ရာဥပဒေများဖြင့် မတရားဖမ်းဆီးထားသည့် ပြည်သူ ၈၇ ဦးရှိကြောင်း သိရသည်။

စစ်ကော်မရှင်၏ မတရားအာဏာသိမ်းမှုကြောင့် ဖမ်းဆီးခံရသူစုစုပေါင်း (၃၀၀၆၆) ဦးရှိပြီး ထိုထဲမှ (၂၂၆၈၅) ဦးထိန်းသိမ်းခံရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူများအနက် (၁၁၄၂၁) ဦးမှာ မတရားထောင်ဒဏ်ချမှတ်ခံထားကြောင်း ဆိုသည်။

ယင်းအပြင် အာဏာသိမ်းချိန်မှစ၍ ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့အထိ စစ်အုပ်စုကြောင့် ပြည်သူ (၇၅၁၀) ဦးသေဆုံးခဲ့ကြောင်း AAPP က ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ