သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံတဝန်းရှိ မြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့်အဖြစ် ရက် ၉၀ ထပ်တိုးကြေညာ

AB News – နိုဝင်ဘာ ၁၊ ၂၀၂၅
ချန်ဒြာ

မြန်မာနိုင်ငံတဝန်းလုံးရှိ မြို့နယ် ၆၃ မြို့ကို အရေးပေါ်အခြေအနေအကြေညာထားသည့် ကာလနှင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ရက်ပေါင်း ၉၀ ထပ်တိုးသတ်မှတ်ကြောင်း ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကော်မရှင်က ကြေညာလိုက်သည်။

အဆိုပါ အမိန့်ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ယင်းကာလကုန်ဆုံးပြီးနောက် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ သက်တမ်းကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ကြေညာချက်တွင် စစ်အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်အားလုံးကို စစ်ဦးစီးချုပ်အား ဆက်လက်အပ်နှင်းထားပြီး၊ ၎င်းသည် ထိုလုပ်ပိုင်ခွင့်များကို မိမိကိုယ်တိုင်ကျင့်သုံးခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်များကို လွှဲအပ်ကျင့်သုံးစေခြင်း ပြုနိုင်သည်ဟု ဖော်ပြထားသည်။

စစ်အုပ်ချုပ်ရေးအမိန့်အဖြစ် ထပ်မံထုတ်ပြန်ကြေညာခံရသည့် မြို့ ၆၃ မြို့မှာ ရက္ခိုင်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်ဘက်မှ မြို့များဖြစ်နိုင်ပြီး တော်လှန်ရေးလက်နက်ကိုင်တပ်များနှင့် စစ်ကော်မရှင်တို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသော မြို့များဖြစ်သည်။

ဤမြို့နယ်များတွင် စစ်ကော်မရှင်တပ်၏ အုပ်ချုပ်မှုယန္တရားသည် ထိရောက်စွာ လည်ပတ်နိုင်ခြင်းမရှိဘဲ၊ စစ်ရေးအရ အသာစီးရရန်နှင့် ဒေသတွင်း ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေရန်အတွက် စစ်အုပ်ချုပ်ရေးကို ဆက်လက်အသုံးပြုနေခြင်းဖြစ်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

Interactive Map – Data for Myanmar

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ