AB News – အောက်တိုဘာ ၁၉၊ ၂၀၂၅
ဆိုဖီ
TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအောင်းပြည် ၊ တပ်မဟာ ၉ နယ်မြေ ၊ကွမ်ဟယ်ကျေးရွာတွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ ၄ ဦး ရှိကြောင်း သိရသည်။
ယမန့်နေ့ အောက်တိုဘာ ၁၈ ရက်၊ ညနေ ၈ နာရီ၊ ၂၅ မိနစ်ခန့် တွင် နမ့်ဆန်မြို့နယ်၊ ကွမ်ဟန်ကျေးရွာကို စစ်ကော်မရှင်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုချအတွင်း သေဆုံးခဲ့သူများမှာ အသက် ၁၀ နှစ်အရွယ် လွေးနီလာအောင် ၊ အသက် ၂၁ အရွယ် လွေးရီရီလိူင် ၊ အသက် ၂၁ အရွယ် လွေးဆန်းဆန်းဦး ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်အေးသောင်း ၊ အသက် ၄၂ အရွယ် ဦးသန်းကျော် နှင့် အသက် ၄၇ နှစ်အရွယ် ဒေါ်အေးဟိန်းတို့ ဖြစ်ကြောင်း သိရသည်။
ဗုံးစထိပြီး ဒဏ်ရာရရှိသူများမှာ အသက် ၄ နှစ်အရွယ် မိုင်းကျော်ဇေယျဦး ၊ အသက် ၃၃ နှစ်အရွယ် ဒေါ်အီအေးနှင့် အသက် ၆၈ နှစ်အရွယ် ဦးကျော် နှင့် အသက် ၇၇ နှစ်အရွယ် ဒေါ်စောတို့ ဖြစ်ပြီး နေအိမ် ၂၅ လုံး နှင့် ဆိုင်ကယ် ၄ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန့်နေ့တွင်လည်း ကျောက်မဲမြို့နယ်၊ ၁၁ မိုင် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ကျောင်းဆောင် ၁ ဆောင် ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
ပုံစာ – ယမန်နေ့ အောက်တိုဘာလ ၁၈ရက်နေ့၊ ညနေ ၈ နာရီ၊ ၂၅ မိနစ်ခန့် တွင် နမ့်ဆန်မြို့နယ်၊ ကွမ်ဟန်ကျေးရွာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးခဲ့ရသည့် ပြည်သူများနှင့် လူနေအိမ်များ ပျက်စီးသွားခြင်း။



