သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်မဲနှင့် နောင်ချိုတွင် စစ်ကောင်စီတပ်၏ ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး ပျံလွန်တော်မူ၊ ပြည်သူ ၆ ဦးဒဏ်ရာရ

AB News- ဇူလိုင် ၃၁၊ ၂၀၂၅
ဒေဝီ

တအာင်းပြည်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ရဟန်း ၁ ပါး ပျံလွန်တော်မူသွားခဲ့ပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့က ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ၁၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းနှင့် ဘုန်းကြီးကျောင်းပေါ်သို့ ကျ‌ရောက်ပေါက်ကွဲခဲ့ရာ ရဟန်း (၁)ပါး ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည်။

ယင်းအပြင် စစ်ဘေးရှောင်နေသည့် အသက် ၅၂ နှစ်အရွယ် ဦးဌေးအောင်၊ အသက် ၆၀ နှစ်အရွယ် ဦးငြိမ်းမောင်၊ အသက် ၃၇ နှစ်အရွယ် ဦးနေစိုထွန်း၊ အသက် ၅၈ နှစ်အရွယ် ဦးဇော်ဝင်းဦးနှင့် အသက် ၅၆ နှစ်အရွယ် ဦးဌေးဦးတို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ အိမ်နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ဟိုခိုကျေးရွာကို လေကြောင်းမှ ပေါင် (၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့‌ရာ ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ