သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
TNLA ထိန်းချုပ် ဒေသ ၄ ခုကို တစ်ရက်အတွင်း စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး ဒဏ်ရာရ

AB News – အောက်တိုဘာ ၂၀၊ ၂၀၂၅
ချန်ဒြာ

တအာင်းပြည်၊ PSLF/TNLA ထိန်းချုပ်ထားသည့် ဒေသ ၄ ခုကို အကြမ်းဖက် စစ်ကော်မရှင်တပ်က တရက်တည်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း PSLF/TNLA ၏ ယနေ့ထုတ်ပြန်ချက်အရ သိရှိရသည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၁၉ ရက်နေ့ တစ်ရက်တည်းတွင် မိုးကုတ်မြို့နယ်၊ နမ့်ဆန်၊ မန်တုံမြို့နှင့် မိုင်းငေါ့မြို့နယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကြောင့် ပြည်သူ ၂ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၂ နာရီ၊ ၆မိနစ်ခန့်အချိန်တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖားကျေးရွာကို ပေါင် ၂၅၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူပိုင် ကြက်မွေးမြူရေးခြံပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

အလားတူ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တို့ကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သု ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်က TNLA ထိန်းချုပ်ထားသော ဒေသများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၈ ကြိမ်ထိပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါး၊ ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၉ ဦးသေဆုံးခဲ့ပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦးတို ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၃၈ အိမ်၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ စာသင်ကျောင်းဆောင် ၇ ဆောင်နှင့် အဆောက်အဦး ၄ ခုတို ထိမှန်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ပုံစာ – ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်ကော်မရှင်တပ်က TNLA ထိန်းချုပ် ဒေသ ၄ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပျက်စီးခဲ့ရသည့် ပြည်သူပိုင် နေအိမ်များ။

ArakanBayNews #AB_News #Military_Commission #Bombed #FourPlaces_Controlled_by_TNLA #Mogok #Namhsan #Mantong #Mongngaw #Shan_State #Myanmar

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ