သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
CNF/CNA က လက်နက်မဲ့ AA ရဲဘော် နှစ်ဦးကို မတရားဖမ်းဆီးနှိပ်စက်ပြီး ထွက်ဆိုခိုင်းထားကြောင်းနှင့် ထိုလုပ်ရပ်အပေါ် CNF က တာဝန်ခံရမည်ဟု AA ပြော

AB News-သြဂုတ် ၄၊ ၂၀၂၄

ဓာတ်ပုံ-ပလက်ဝမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော်အားတွေ့ရစဥ်

ချင်းအမျိုးသားတပ်မတော် (CNF/A) က အာရက္ခတပ်တော်၏ လက်နက်မဲ့ ရဲဘော် ၂ ဦးအား မတရား ဖမ်းဆီးနှိပ်စက်ပြီ; မတရားထွက်ဆိုခိုင်းထားကြောင်းနှင့် ထိုသို့ လုပ်ရပ်အပေါ် CNF က တာဝန်ယူမှု တာဝန်ခံမှုရှိရမည်ဟု အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

အာရက္ခတပ်တော် AA မှ ရဲဘော် ၂ ဦးအား CNF/A က ဖမ်းဆီးထားပြီး ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ထွက်ဆိုခိုင်းထားသည့် ရုပ်သံအား သြဂုတ်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ထိုရုပ်သံဖိုင်တွင် AA ရဲဘော်များ မူးယစ်ဆေးဝါးသုံးသည်ဟု ညှင်းပမ်းနှိပ်စက်ကာ CNF/A က ၎င်းတို့လိုချင်သည့်အတိုင်း ထွက်ဆိုခိုင်းထားသည့်အပြင် CNF အဖွဲ့ဝင်တစ်ဦး စွပ်စွဲထားသလို AA အနေဖြင့် မည်သည့်ချင်းပြည်သူ တစ်ဦးတစ်ယောက်ကိုမျှ မတရားပြုမူလုပ်ဆောင်ခြင်းမရှိဟု AA ပြောခွင့်ရကပြောသည်။

“အဲဒီရဲဘော် ၂ ယောက်ကို CNF/A က နှိပ်စက်ညှင်းပမ်းမှုမျိုးစုံ လုပ်တယ်ဆိုပြီးတော့ ကျနော်တို့ ခိုင်လုံတဲ့ သတင်း Source ကနေရထားတာရှိပါတယ်။ အဲဒီလို မတရားညှင်းပမ်းနှိပ်စက်ပြီးတော့ သူတို့ (CNF/A) လိုချင်တဲ့သလို ထွက်ဆိုခိုင်းထားတာရှိပါတယ်။ အထူးသဖြင့် AA ရဲဘော်တွေကို မူးယစ်ဆေးဝါးသုံးစွဲပြီး စစ်တိုက်ခိုင်းတယ်ဆိုတဲ့ ပုံစံမျိုးပေါ်လာအောင် သူတို့ လုပ်ကြံပြီး အဓမ္မပြောခိုင်းထားတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်လည်း ကျေးဇူးအုပ်ချုပ်ရေးမှူး တစ်ယောက်ကို အင်တာဗျူးထားတယ်ဆိုပြီးတော့ CNF ကအဖွဲ့ဝင်တစ်ယောက်ကို လုပ်ကြံပြီးတော့ အင်တာဗျူးထားတာလည်းပါတာတွေ့ပါတယ်။ အဲဒီမှာ AA ရဲဘော်တွေဟာ ချင်းမတွေကို မုဒိန်းကျင့်တယ်၊ ချင်းရွာတွေက ကြက် ငှက် ဝက်တွေကို မတရားယူတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ကြံပြီး အင်တာဗျူးထားတာလည်း တွေ့ပါတယ်။ အဲလိုမျိုး ကျနော်တို့ဖက်က လုပ်တာ လုံးဝ မရှိပါ။ ULA/AA ကရဲဘော်တွေအနေနဲ့ ဘယ်ချင်းပြည်သူ တစ်ယောက်ကိုမှ ကျနော်တို့ မတရားလုပ်တာမရှိသလို ဘယ်ချင်းမတစ်ဦးတစ်ယောက်ကိုမျှ အတင်းအဓမ္မကျူးလွန်တာမရှိပါ။” ဟု ပြောသည်။

CNF/A ကဖမ်းဆီးထားသည့် AA ရဲဘော်အား လက်ထိပ်ဖြင့် တွေ့ရစဥ်

ထို့အပြင် CNF/A သည် အကြမ်းဖက် စစ်ကောင်စီနည်းတူ ညီနောင် တိုင်းရင်းသားအဖွဲ့အချင်းချင်းအား မတရားစွပ်စွဲ ပြောဆို တိုက်ခိုက်လာသည်ကိုတွေ့ရပြီး ထိုသို့ လုပ်ရပ်အပေါ်တွင်လည်း CNF/CNA က တာဝန်ခံမှု တာဝန်ယူမှု ရှိရမည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။  

“ဒါကတော့ CNF/CNA ဖက်က ကျနော်တို့ ULA/AA ကို မတရားစွပ်စွဲ တိုက်ခိုက်ပြီးတော့ လုပ်ကြံဝါဒဖြန့်တာသာဖြစ်ပါတယ်။ ဆိုတော့ ဒီလိုဟာမျိုးက အရင်တုန်းက ကျနော်တို့ရဲ့ ရန်သူ ဖြစ်တဲ့ အကြမ်းဖက် စစ်ကောင်စီဖက်က ULA/AA ကို တောက်လျှောက် မတရားပြောဆိုစွပ်စွဲ တိုက်ခိုက်နေခဲ့တာရှိပါတယ်။ အခုဆိုရင်တော့ အဲဒါနဲ့ အလားတူ CNF/CNA ကလုပ်လာတာကိုတွေ့ရပါတယ်။ ဆိုတော့ ဒီလိုမျိုး ညီနောင် တိုင်းရင်းသားအဖွဲ့ချင်းချင်းကြားမှာ ဒီလို မဟုတ်မဟတ် မတရား လုပ်ကြံစွပ်စွဲတိုက်ခိုက်တာမျိုးက ရန်သူ၏ လုပ်ရပ်မျိုး ဖြစ်တဲ့အတွက် ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး CNF/CNA အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

CNF/A ကဖမ်းဆီးထားသည့် AA ရဲဘော်အား လက်ထိပ်ဖြင့် တွေ့ရစဥ်

အာရက္ခတပ်တော်မှ ရဲဘော် ၂ ဦးသည် လက်နက်မပါဘဲ ၎င်းတို့ ဖွဲ့ရှိရာ မတူပီမြို့သို့ တာဝန်ဖြင့် သွားရောက်စဥ် လမ်းမှားပြီး CNF/CNA စခန်းသို့ ရောက်သွားခြင်းဖြစ်ကာ၊ မတူပီမြို့သိမ်းတိုက်ပွဲအပြီး ၂ ရက်အလွန် ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် CNF က ပြောသလို AA ရဲဘော် ၂ ဦးမှာ စစ်ပွဲအတိုင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းမဟုတ်ဘဲ မတရား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“ အွန်လိုင်းထက်မှာ Chinland Information Center က တင်ထားတဲ့ AA စစ်သုံ့ပန်း ၂ ယောက်ကို CNF က စစ်ဆေးတွေ့ရှိချက်ဆိုတာနဲ့ပတ်သက်ပြီးတော့ ပြောရရင် ဒါကတော့ ကျနော်တို့ ရဲဘော် ၂ ဦးတော့ ဟုတ်ပါတယ်။ အဲဒီရဲဘော် ၂ ဦးဟာ မတူပီတိုက်ပွဲပြီးလို့ ၂ ရက်လောက်မှာ သူတို့ဟာ ကိုယ့်လူတွေရှိတဲ့ ရွာတစ်ရွာသို့ တာဝန်နဲ့ လက်နက်မဲ့ သွားတာပါ၊ အဲဒီမှာ လမ်းမှားပြီးတော့ အဲဒီသူတို့သွားတဲ့ ရွာကို မရောက်ဘဲ နောက်တစ်ရွာကို ကျော်ပြီး ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွာမှာ CNF တွေရှိတယ်။ ဆိုတော့ CNF က လက်နက်မဲ့ ကျနော်တို့ ရဲဘော် ၂ ယောက်ကို ဖမ်းသွားခဲ့တာပါ။ ပြီးတော့ သူတို့ (CNF) ပြောသလို စစ်သုံ့ပန်းလို့ ပြောရလောက်အောင် စစ်မြေပြင်မှာ စစ်ဖြစ်နေတုန်း ဖမ်းဆီးရမိတာမျိုးလည်း မဟုတ်ပါ၊ လက်နက်မဲ့ သွားတာကို CNF ကမတရား ဖမ်းဆီးသွား ဖြစ်ပါတယ်” ဟု ပြောသည်။

မတူပီမြို့ကို ချင်းညီနောင်အဖွဲ့နှင့်အတူ အာရက္ခတပ်တော်တို့က ဇွန်လ ၂၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ကိုတွေ့ရပြီး မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ CNF/CNA တပ်ဖွဲ့ဝင်များလည်း ချင်းညီနောင်တပ်ဖွဲ့များကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။