သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ARA ခေါင်းဆောင် Nabi Hossain ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖမ်းဆီး

AB News- စက်တင်တာ ၁၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်အစိုးရက တာကာ ၁ သန်းဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် ARA ခေါင်းဆောင် Nabi Hossain (နာဘီဟုဆိန်) ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၃ နာရီခွဲတွင် ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် တွေ့ရသည်။

ARA ခေါင်းဆောင် နာဘီဟုဆိန်နှင့်အတူ ၎င်း၏ ညီဖြစ်သူ Syed Hossain alias Bhuluk ကိုလည်း ဖမ်းဆီးရမိသည်ဟု ပါရှိသည်။

၎င်းတို့ကို အုခီးယ ဘာလုခါလီ ဒုက္ခသည်စခန်းတွင် (Ukhiya’s Balukhali shelter camp) နိုင်ငံခြားထုတ် ပစ္စတို ၂ လက်၊ ကျည် ၈ တောင့် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

Nabi Hossain မှာ Arakan Rohingya Army အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင်ရှိသည့် တောင်ပြိုစခန်းအား အာရက္ခတပ်တော် က သိမ်းပိုက်စဥ် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့၏ လက်နက်များကို တာကာ ၁၀ သန်းဖြင့် ဝယ်ယူခဲ့သူလည်း ဖြစ်သည်။

ထို့အပြင် Nabi Hossain မှာ ယာဘ ဘိန်းဘုရင်ဟု ဘင်္ဂလားဒေ့ရှ်တွင် နာမည်ကြီးပြီး ၎င်းသည် နယ်စပ်မှ Yaba များကို ကော့ဇ်ဘဇားနှင့် စစ်တကောင်းမြို့နယ်များသို့ ဖြန့်ဝေသူ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြထားသည်။

ARA အဖွဲ့သည် မောင်တော တိုက်ပွဲအတွင်းတွင် ARSA၊ RSOအဖွဲ့များနှင့်အတူ အာရက္ခတပ်တော်အား ခုခံ တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြောင်းလည်း AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မောင်တောတိုက်ပွဲတွင် စစ်ရှုံး၍ နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် လာရောက် ပုန်းအောင်းနေခြင်း ဖြစ်နိုင်ကြောင်း Prothom Alo သတင်းဌာနတွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ