သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA စောင့်ရှောက်မှုဖြင့် နေရသည်မှာ လုံခြုံမှုရှိကြောင်း မောင်တောမြို့မှ စစ်ဘေး‌ရှောင်များပြော

AB News – ဩဂုတ် ၂၀၊ ၂၀၂၄

မောင်တောမြို့အတွင်း စစ်ကောင်စီနှင့် မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားခဲ့ရသည့် ပြည်သူများကို အာရက္ခတပ်တော်က ကယ်ထုတ်ပြီး ၎င်းတို့ ထိမ်းချုပ်ရာ နေရာများတွင် စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်၍ စောင့်ရှောက်ထားလျက်ရှိသည်ကိုတွေ့ရသည်။

မူဆလင်အများစုပါဝင်သည့် စစ်ဘေးရှောင် ၂ သောင်းနီးပါးတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးများကိုပါ AA ကတာဝန်ယူ ပေးထားသည်ကိုလည်း တွေ့ရသည်။

မောင်တောမြို့၌ လူသားဒိုင်းကာအဖြစ် ပိတ်မိနေစဥ် အာရက္ခတပ်တော်မှ ကယ်ထုတ်ခဲ့သည့်အပြင် လက်ရှိ စစ်ရှောင်နေချိန်တွင်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးများ ကူညီထောက်ပံ့ကြောင်း နာရီစင်ရပ်ကွက်မှ လွတ်မြောက်လာသည့် အသက် ၃၀နှစ် အရွယ် ဒေါ်အဒူဂေါ်ဘု က AB News သို့ ပြောသည်။

“ကျမတို့ မိသားစုကို ပြီးခဲ့တဲ့ ဩဂုတ် ၁၀ရက်နေ့က AA က ကယ်ထုတ်ခဲ့တယ်။ လမ်းတစ်လျောက်လုံးမှာလည်း သွားလာဖို့ ကူညီခဲ့တယ်။ ကျမတို့ကို ဒီနေရာအထိ ကားနန့် ပို့ပေးခဲ့ပြီး အခုလည်း စားနပ်ရိက္ခာတွေ ထောက်ပံ့နေတယ်။ ကျမတို့ကို ဆေးကုသပေးတာတွေ ရှိပါတယ်” ဟု ဆိုသည်။

အာရက္ခတပ်တော်က လက်ရှိစစ်ရှောင်စခန်းတွင် ပိတ်လှောင်ထားခြင်း မဟုတ်ဘဲ လုံခြုံသည့် နေရာတွင် စစ်ရှောင်ရန် ခွင့်ပြုခဲ့ကြောင်း ၄မိုင်ရပ်ကွက်မှ ဦးမာမတ်ချော်ဘီက ပြောသည်။

“AA က ကျနော်တို့ကို ပိတ်လှောင်ထားတာ မဟုတ်ပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ ဝေးတဲ့နေရာကို သွားလာခွင့်ပေးတယ်။ ဒါပေမယ့် ကျနော်တို့က ဒီနေရာမှာ လုံခြုံတယ်လို့ ခံစားရတယ်။ AA က အကုန်လုံး ထောက်ပံ့ပေးတယ်။ အသက်ရှင်သန်ခွင့်ရသေးလို့ AA ကိုလည်း ကျေးဇူးတင်ပါတယ်” ဆိုသည်။

လူမျိုးရေးခွဲခြားမှု မရှိဘဲ မောင်တောမြို့အတွင်းက လွတ်မြောက်လာတဲ့ မြို့ခံများကို အာရက္ခတပ်တော်က ကူညီနေကြောင်း မျာစင်စစ်ရှောင်စခန်း၌ စစ်ရှောင်နေသည့် ဒေါ်ဥမ္မာက ပြောသည်။

” ဒီမှာ စစ်ရှောင်နေကြတာ ရက္ခိုင်နဲ့ ဟိန္ဒူတွေလည်း ရှိပါတယ်။ အကုန်လုံးကို AA က ထောက်ပံ့ပေးတယ်။ ဆေးကုသပေးတယ်။ AAက ခွဲခြား ဆက်ဆံတာတွေ မရှိဘူး။ ကျမတို့ ဒီမှာ လုံခြုံမှုရှိပါတယ်” ဟု ဆိုသည်။

မောင်တောမြို့အတွင်းမှ လွတ်မြောက်လာသည့် အခြားစစ်ရှောင်များကိုလည်း အာရက္ခတပ်တော်မှ စားနပ်ရိက္ခကာနှင့် ဆေးဝါးများထောက်ပံ့နေသည်ကို တွေ့ရှိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၉ရက်အထိ မောင်တောမြို့ရှိ ရပ်ကွက်အချို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ၏ တစ်ခုတည်းသော ကျန်ရှိနေသည့် မြို့သူကြီး နခခ ၅ ရဲတပ်ရင်းကို အာရက္ခတပ်တော်က အလုံးစုံ သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်း ၃ နာရီမှ ညပိုင်း ၇ နာရီကျော်အထိ စစ်ကောင်စီတပ်က Y12 ဗုံးကြဲတိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် မောင်တောမြို့ နေရာအနှံ့ကို ဗုံးကြဲ တိုက်ခိုက်လျက်ရှိနေခဲ့ရာ သတင်းရင်းမြစ် တစ်ချို့က နေရာအချို့မှာ မီးလောင်နေသည်ကို အဝေးက လှမ်းမြင်ရကြောင်း ပြောသည်။

ဓာတ်ပုံ-မောင်တောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများထောက်ပံ့ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို Arakan Army ကပေးနေသည်ကိုတွေ့ရစဥ်/

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။