သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်ကို စစ်ကော်မရှင်လေတပ်က Y-12 အပါအဝင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

AB News – မတ် ၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဒါးကိုင်ရွာ အနီးဝန်းကျင်ကို စစ်ကော်မရှင်လေတပ်က Y-12 လေယာဉ်အပါအဝင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး အမြောက်အများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းရစ်မြစ်များထံမှ သိရသည်။

ယမန်နေ့ မတ်လ ၆ ရက်နေ့၊ ည ၉ နာရီကျော်ချိန်မှ စ၍ မတ်လ ၇ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီကျော်အချိန်ထိ စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ ၂ စီးနှင့်အတူ Y-12 ၁ စီးတို့ဖြင့် ဗုံးအလုံးရေ အမြောက်အများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပေါက်တောဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“မနေက ည ၉ နာရီကျော်လောက်မှာ စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာ နှစ်စီးနဲ့ Y-12တစ်စီးဟာ ဒါးကိုင်ရွာအနီးအနားကို ဗုံးတွေအများကြီး ကြဲချတိုက်ခိုက်ခဲ့တယ်။ တစ်ညလုံး မအိပ်ရဘူး။ တစ်လုံးပြီး တစ်လုံး အတွဲလိုက်ကျတာ၊ အရမ်းကို ကြောက်ဖို့ ကောင်းတာပဲ။ ထိခိုက်ပျက်စီးမှု ရှိ/မရှိကိုတော့ မသိရသေးပါဘူး”ဟု ပြောသည်။

စစ်ကော်မရှင်တပ်၏ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး အသေးစိပ်အချက်အလက်များအား Arakan Bay News သတင်းဌာနမှ ဆက်လက်စုံစမ်းလျက်ရှိသည်။

ယင်းနည်းအတူ စစ်တွေ ၊ ရွှေမင်းဂံဘက်မှလည်း လက်နက်ကြီး အလုံးရေ ၁၀၀ ကျော်အထိ အေအေ ထိန်းချုပ်နယ်မြေအတွင်းသို့ လှမ်းပစ်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် စစ်တွေနှင့် ထိစပ်လျက်ရှိသည့် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ အရပ်သားပြည်သူများ နေထိုင်သည့် မြို့၊ရွာများကို လေကြောင်း၊ အသေခံဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ယခင်ထက် ပစ်ခတ်မှု ပြုလုပ်လာနေသည်ကို တွေ့ရှိရသည်။

ပုံစာ – ပေါက်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့အတွင်း အရပ်သားပိုင် နေအိမ်များ မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ရခြင်း။(ပုံဟောင်း)

ArakanBayNews #AB_News #Military_Commission #Y_12 #JetFighters #Bombed #Villages #PaukTaw_Township #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ