
AB News- ဇွန် ၂၊ ၂၀၂၅
ဒေဝီ
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ နဘဲပင်ရွာနှင့် ကျောက်တိုင်ရွာကို စစ်ကောင်စီက ဒရုန်းများ၊ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီက ဒရုန်းများ ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်တွင် မိုးရွာသွန်းနေသောကြောင့် ပြည်သူများမှာ မိုးရေထဲတွင် တိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။
“လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက်ပစ်နေတော့ ရွာမှာဆက်နေလို့မရတော့ဘူး။ ကလေးငယ်လေးတစ်ယောက်နဲ့ လူနှစ်ယောက် ထိမှန်ပြီးဒဏ်ရာရသွားတယ်။ မိုးရွာနေတဲ့ကြားထဲကကို တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက ပြည်သူတွေကို ဦးတည်ပြီးကို ဒုက္ခပေးနေတာ” ဟု ထွက်ပြေးနေသည့် ရွာသား ၁ ဦးမှ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ကျောက်တိုက်ရွာကို ဒရုန်းများအသုံးပြု၍ ဗုံး ၁၀ လုံးခန့် ကြဲချခဲ့ပြီး နဘဲရွာကိုလည်း ဗုံး ၅ လုံးခန့် ကြဲချခဲ့ကာ လက်ရှိတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။