သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်မှုဖြင့် “ဝ”ခရိုင်မှူး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ
အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်မှုဖြင့် “ဝ”ခရိုင်မှူး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

AB News – သြဂုတ် ၁၇၊ ၂၀၂၅

ဒေဝီ

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်နယ်မြေရှိ ဟိုပန်ခရိုင်မှူး တာ့ညီလင်းသည် အသက်မပြည့်သေးသူများ အပါအဝင် အမျိုးသမီး ၄ ဦးအား မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကြောင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

သြဂုတ်လ ၁၆ ရက်နေ့က ပြည်သူများရှေ့တွင် ချမှတ်ခဲ့သော စီရင်ချက်အရ တာ့ညီလင်းသည် အမှုပေါင်းများစွာ ကျူးလွန်ခဲ့သောကြောင့် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်အတွင်း အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော ၁၀ နှစ်ချမှတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် တာ့ညီလင်းသည် မုဒိမ်းကျင့်ခံရသူ အမျိုးသမီး ၂ ဦးအား တစ်ဦးလျှင် ယွမ် ၁ သိန်းစီနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ အမျိုးသမီး ၂ ဦးအား တစ်ဦးလျှင် ယွမ် ၅ သောင်းစီ လျော်ကြေးပေးရန်လည်း အမိန့်ချမှတ်ခံရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နှင့် ယဉ်ကျေးမှုး အသင်းခေါင်းဆောင်တို့သည်လည်း ရာထူးမှ ရပ်စဲခံရပြီး ၃ လတာ တာဝန်ထမ်းဆောင်ခွင့် ရပ်ဆိုင်းခံထားရကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းသည် အခွင့်အာဏာကို အလွဲသုံးစားလုပ်ကာ ရာဇဝတ်မှု ကျူးလွန်သူများကို နှိမ်နင်းခြင်းဖြစ်ကြောင်း ‘ဝ’ အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကလည်း ဟိုပန်မြို့တွင် မုဒိမ်းမှုကျူးလွန်သူ ၆ ဦးကို တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ဖူးကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ