Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ်တွင် အသက် ၉ နှစ်အရွယ် ကျောင်းသူတစ်ဦးကို တိတ်တဆိတ် မုဒိန်းကျင့်မှု ၇ ကြိမ်ထိရှိ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံထားရ

ရသေ့တောင်နယ်တွင် အသက် ၉ နှစ်အရွယ် ကျောင်းသူတစ်ဦးကို တိတ်တဆိတ် မုဒိန်းကျင့်မှု ၇ ကြိမ်ထိရှိ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံထားရ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၅ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အလယ်ရွာတွင် အသက် ၉ နှစ်အရွယ် ကျောင်းသူတစ်ဦးကို မောင်နှမဝမ်းကွဲတော်စပ်သူ အမျိုးသားတစ်ဦးက တိတ်တဆိတ် မုဒိန်းကျင့်မှု ၇ ကြိမ်ထိ ကျူးလွန်ခဲ့သည့်အပြင် ထိုလုပ်ရပ်များကိုဖွင့်ပြောပါက အသက် သေအောင်သတ်မည်ဟု ခြိမ်းခြောက်ခံထားရကြောင်း သိရသည်။

ကျူးလွန်ခြင်းခံရသည့် ကလေးငယ်မှာ အသက် ၃၅ နှစ်အရွယ် အဖ ဦး*** ၏သမီး အသက် ၉ နှစ်အရွယ်( **** )ဖြစ်ပြီး ရသေ့တောင်မြို့နယ် အလယ်ရွာချေတွင် ၎င်း၏မိဘများနှင့်တူနေထိုင်ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကျူးလွန်ခံရသူ၏ အဘွားအိုသည် အနီးအနားရှိ ရေကန်၌ရေခတ်နေစဥ် ဝမ်းကွဲတော်စပ်သည့် ရန်ထန်ရှိန် ဆိုသူက ကလေးမငယ်၏ လက်ဖျားကိုကိုင်ကာ အိမ်ထဲသို့ဆွဲခေါ်သွားခဲ့ပြီး သားမယားပြုကျင့်ခဲ့ကြောင်း အဘွားဖြစ်သူက ABN သို့ပြောသည်။

“ကျမက ကန်ကိုရေခတ်ဖို့သွားပါတယ်၊ ရန်ထန်ရှိန်က ကလေး လက်ဖျားကိုကိုင်ပြီးဆွဲယူသွားပြီးမုဒိန်းကျင့်ပါတယ်၊ ကျမကလည်း မြေးလေးကိုမေးတယ်၊ ထန်ရှိန်ဘာလို့ဆွဲသွားတာလဲလို့ မေးတော့ မကို မယားလုပ်ဖို့ခေါ်သွားတယ်လို့ ကလေးငယ်ကပြောပါတယ်” ဟု ဆိုသည်။

သက်ငယ်မုဒိန်းမှုကျူးလွန်သူသည် အသက် ၄၀ ကျော်အရွယ် အဖ ဦးမောင်ဝေသိန်း၏သားဖြစ်သူ အသက် ၁၇ ကျော် အရွယ် မောင်ရန်ထန်ရှိန်ဖြစ်ကာ ရသေ့တောင်မြို့နယ် ပြင်ခေါင်ရွာသစ်ဇာတိဖြစ်ပြီး ၎င်း၏မိသားစုများနှင့်အတူ ​အလယ်ရွာတွင်နေထိုင်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ထန်ရှိန်သည် ၉ နှစ်အရွယ်သာရှိသည့် ဝမ်းကွဲညီမကို အတင်းအဓမ္မမုဒိမ်းကျင့်ခဲ့ပြီး ထိုလုပ်ရပ်အား ဖွင့်ပြောလျှင် လှည်လှီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ထားရကြောင်း ကျူးလွန်ခံရသည့် ကလေးငယ်က ပြောသည်။

“မကို မဒိန်းကျင့်တာ ၇ ခါလောက်ရှိပါပြီ၊ မလည်းမခံနိုင်လို့အော်တယ်၊ ဒါကိုပြောရင် လှည်လှီးပြီးသတ်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်” ဟု ဆိုသည်။

အကြိမ်အကြိမ်အခါခါ မုဒိမ်းကျင့်ခံနေရသည့် ကလေးငယ်မှာ မခံနိုင်သည့်အတွက် မိဘများကို ငိုယိုပြီး ဖွင့်ပြော၍ မိဘများက ကျူးလွန်သူကို အကြိမ်ကြိမ် ဟန့်တားခဲ့သော်လည်း မထီမဲ့မြင်သည့် အပြုအမှုဖြင့် ဆက်တိုက် သားမယားပြုကျင့်မှုရှိ​ခဲ့ကြောင်း ABN က ထောက်လှမ်းချက်အရ သိရသည်။

မောင်ရန်ထန်ရှိန်သည် အသက် ၁၈ နှစ်ပြည့်ရန် ၈ လနှင့် ၄ ရက်လိုသေးကြောင်း ABN က စုံစမ်းသိရှိရသည်။

မိခင်ဖြစ်သူ နို့တိုက်နေချိန်တွင် ရန်ထန်ရှိန်သည် လူမမြင်နိုင်သည့် လမ်းဝမှဝင်လာကာ အိမ်ပေါ်သို့တက်ပြီး မုဒိမ်းကျင့်ရန်ကြိုးစားနေစဥ် “မေမေ မေမေ” ဟုခေါ်သံကြားသည့် အတွက် အပေါ်ထပ်တက်ခဲ့ရာ သားမယားပြုကျင့်နေသည်ကိုမြင်ခဲ့ကြောင်း မိခင်ဖြစ်သူက ABN သို့ ပြောသည်။

“ကျမကလေးကို နို့တိုက်လို့ သိပ်နေတဲ့အချိန် သူလာတာကို မမြင်လိုက်ဘူး၊ မေမေလို့ လို့အော်သံကြားပါတယ်၊ ကျမလည်း သူရောက်နေပြီလို့ သိလိုက်တော့ အပေါ်ထပ်သွားကြည့်တော့ သူ့ကိုတွေ့ ပါတယ်၊ နင်ဘာလို့အားမနာလုပ်တာလဲ” ဟု ပြောလိုက်ကြောင်းဆိုသည်။

အသက် ၃၁ နှစ်အရွယ် ဒေါ်ခင်ဌေးဝင်းမှာ အသက် ၉ နှစ်အရွယ်၊ ၃ ကျောင်းသူတစ်ဦး၊ အသက် ၁၃ နှစ်အရွယ် ၅တန်း ကျောင်းသားတစ်ဦး နှင့် ၂ နှစ်နှင့် ၉ လ နို့စို့အရွယ် သားတစ်ယောက်ရှိကြောင်း သိရသည်။သူမ၏ခင်ပွန်းသည် ရသေ့တောင်ရှိ သစ်စက်များတွင်အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

မိဘများသည် ရပ်ရွာအုပ်ချုပ်ရေးမှူး အေးကျော်နိုင်ထံ တိုင်ကြားခဲ့ပြီး ကျူးလွန်သူတရားခံအား ထိပ်တုံး ၇ ရက်ချုပ်နှောင်ထားခဲ့သည်။ ထိပ်တုံးကျနေစဥ်အတွင်း ​ကျူးလွန်သူသည် ၎င်းပြန်လွတ်လာလျှင် ကလေးငယ်၏အိမ်ကို ဓာတ်ဆီလောင်းပြီး မီးတိုက်ပစ်မည်ဟု ​ခြိမ်းခြောက် စကားများပြောဆိုခဲ့ကြောင်း သိရသည်။

ယခုနှစ် မေလအတွင်းက ပြားချောင်းကြီးရုံးသို့ သွားရောက်တိုင်တန်းခဲ့ပြီး ၎င်းမှတဆင့် ပြင်ခေါင်ရဲစခန်းသို့ပြန်လွှတ်ပြီး ပြင်ခေါင်ရုံးမှ နှစ်ဖက်မိဘများကို ခေါ်ယူပြီး စစ်ဆေးမှုတစ်ချို့ပြုလုပ်ခဲ့ကာ ကျူးလွန်သူမှာ အသက်မပြည့်သေးသည့်အတွက် ခံဝန်ကတိဖြင့် လွှတ်ထားကြောင်းသိရသည်။

အဆိုပါလုပ်ရပ်များကို ရက္ခိုင့်တပ်တော်ရုံးများတွင် တိုင်တန်းထားသည်မှာ ၄လကျော် ခန့်ကြာမြင့်နေသည့်အပြင် အသက်မ​ပြည့်သေးသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ သက်ငယ်မုဒိန်းမှုဖြင့် လွှတ်ထားကြေား မိသားစုဝင်ထံများထံကသိရသည်။

ထိုကိစ္စကို ထိထိ ရောက်ရောက်အရေးယူဆောင်ရွက်ရန်နှင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရမှုကို ပြေလည်အောင်ဆောင်ရွက်ပေးရန် မိသားစုဝင်များက ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ