Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကောင်စီရဲတပ်ဖွဲ့အချို့နှင့် AA တပ်ဖွဲ့ဝင်အချို့ ထိတွေ့မှုအနည်းငယ်ဖြစ်

ABN-ရှိုင်းမိုး

ယနေ့ မနက်က မောင်တောတွင် AA တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီရဲတပ်ဖွဲ့တို့ ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

ယနေ့ ဇန်နဝါရီလ ၆ရက်နေ့ နံနက် ၆နာရီကျော်ခန့်အချိန်က မောင်တောမြို့ ၊ ဦးကျော်ဟိုတယ် ရှေ့တွင် AA တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီတပ်မှ ရဲတပ်သားအချို့တို့ တစ်ဖတ်နှင့် တစ်ဖတ် သေနတ်ဖြင့်ချိန်ရွယ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မောင်တောမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ စီးလာသည့်ကားအား ရပ်ခိုင်းရာ မရပ်ဘဲ ဆက်မောင်းသွားသဖြင့် ရဲကား ၂ စီးဖြင့် လိုက်လာပြီး ဦးကျော်ဟိုတယ်ရှေ့တွင် ကားရပ်ပြီး ထိတွေ့မှု ဖြစ်ခဲ့ကြခြင်းဖြစ်သည်ဟု ခိုင်လုံသတင်းရင်းမြစ်ကပြောသည်။

သူတို့စစ်ဆေးမှုကိုလက်မခံခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေ နောက်ကလိုက်လာကြတယ်၊ ဦးကျော် ဟိုတယ်ရှေ့ရောက်တာနဲ့ စစ်ကောင်စီ ရဲဖက်မှ သေနတ်တွေနဲ့ အရင်ချိန်ရွယ်ပါတယ်၊ AA ဖက်မှလည်း သေနတ်နှင့် ပြန်ပြီး ချိန်ရွယ်ခဲ့ပါတယ် ဟု ပြောသည်။

နေ့လည် ၁၂နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီ ရဲဖက်မှ ပြန်ပြီး ဆုတ်ခွာသွားကြောင်းသိရသည်။

သူတို့ ၃ နာရီလောက် ကြာခဲ့ကြပါတယ်၊ ပြီးတော ရဲဖက်မှ ပြန်ပြီးဆုတ်ခွာသွားကြပါတယ်။ ပစ်ခတ်ခြင်း တစ်စုံတရာမရှိခဲ့ကြပါဘူး၊ ဒီတိုင်း ချိန်ရွယ်ခဲ့ကြတာပါ ဟုဆက်ပြောသည်။

စစ်ကောင်စီတပ်များသည် ရခိုင်ပြည်ရှိ မြို့နယ်တိုင်း၌ မြို့ဝင်များတွင် ဂိတ်များချကာ လမ်းသွားလမ်းလာများအား မှတ်ပုံတင်များ စစ်ဆေးခြင်း၊ မှတ်ပုံတင်မပါပါက အတင်းအဓမ္မငွေတောင်းခံခြင်းနှင့် ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်းများကို ပြုလုပ်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့မှစကာ အလွတ်သဘော ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲထားကြခြင်းဖြစ်သည်။

မောင်တောတွင် စစ်ကောင်စီရဲတပ်ဖွဲ့အချို့နှင့် AA တပ်ဖွဲ့ဝင်အချို့ ထိတွေ့မှုအနည်းငယ်ဖြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ