သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုံရွာ-ကျောက္ကာလမ်းပိုင်း တိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၄၀ ဦး သေဆုံး

AB News – သြဂုတ် ၁၅၊ ၂၀၂၅
ဒေဝီ

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်ရှိ မုံရွာ-ကျောက္ကာလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် PDF တပ်ဖွဲများအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်ဘက်မှ တပ်သား ၄၀ ဦးနီးပါး သေဆုံးခဲ့ပြီး၊ သေဆုံးသူအများစုမှာ စစ်မှုထမ်း(ပစ) များဖြစ်ကြောင်း သိရသည်။

မုံရွာ နမခအပါအဝင် စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်များသည် အင်အားရာချီအပြင် လူသယ် သံချပ်ကာယာဉ်များဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ကစ၍ မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းနှင့် ကျောက္ကာ-ဗောဓိတစ်ထောင် လမ်းပိုင်းများတွင် အင်အားရာနှင့်ချီ၍ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲများက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၈ ရက် နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်မှ အင်အား ၁၅၀ နီးပါးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို မုံရွာ PDF နှင့် တော်လှန်ရေးတပ်များက တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးကင်းထောက်တပ်စိတ်မှ တပ်သားမျာ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ထိုအပြင်၊ ကျောက္ကာ တောင်ရွာရှိ စာသင်ကျောင်းမှ စစ်ကော်မရှင် တပ်သားများ ထပ်မံထွက်လာချိန်တွင်လည်း PDF မ်ားက ထပ္မံ၍ မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့သည်။

အလားတူ၊ သြဂုတ် ၉ ရက်နေ့က ရေနံကုန်းလမ်းဆုံနှင့် ရွှေဂူဖြူဘုရားနားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်အဖွဲများကို ဒရုန်းများဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထိုနေ့ ညနေပိုင်းနှင့် ညပိုင်းတွင်လည်း ရွာတုံကျေးရွာ၊ ထနောင်းဝင်းကျေးရွာအနီးတစ်ဝိုက်၌ ထနောင်းဝင်းကျေးရွာ၏ အရှေ့ဘက်မှ ထွက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်ရင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းကလည်း ရွှေဂူနီဘုရားအနီးတွင် တပ်ဖြန့်ထားသည့် စစ်ကော်မရှင်တပ်များကို ဒရုန်းဖြင့် ထပ်မံဗုံးကြဲချခဲ့သည်။

ထိုအပြင်၊ သြဂုတ်လ ၁၁ ရက် ညနေပိုင်းတွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများနှင့် အပေါ့စား သံချပ်ကာယာဉ် ၂ စီး၊ သံပြားကာယာဉ် ၂ စီး၊ Double cab ယာဉ် ၂ စီးတိုကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မုံရွာ-ကျောက္ကာလမ်းပိုင်း တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်ရှိသူများအပါအဝင် ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၄၀ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ