သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးကုတ်မြိုနယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး
မိုးကုတ်မြိုနယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

AB News – သြဂုတ် ၁၅၊ ၂၀၂၅
ချန်ဒြာ

တအာင်းပြည်နယ်၊ မိုးကုတ်မြိုအရှေ့ဘက်ရှိ ရွှေကူကျေးရွာမှ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်
က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်) ည ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးတစ်လုံးကို လင်းရောင်ခြည်ဘုန်းကြီးကျောင်းပေါ်သို ကြဲချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုအပြင် နေအိမ် ၇ လုံးလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၉ ရက်နေ့ကလည်း မိုးကုတ်မြိုအရှေ့ပိုင်းကို စစ်ကောင်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သာမဏေတစ်ပါးနှင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ယခုလအတွင်း စစ်ကောင်စီသည် PSLF/TNLA ထိန်းချုပ်နယ်မြေများဖြစ်သော မိုးကုတ်မြိုကို ၂ ကြိမ်၊ ကျောက်မဲမြိုနယ်ကို ၁ ကြိမ်နှင့် သီပေါမြိုတွင် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် ကလေး ၃ ဦး၊ ရဟန်းသံဃာ ၂ ပါး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁၁ ဦး စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ရသည်။

ထိုပြင် ရဟန်းသံဃာ ၁ ပါး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁၄ ဦး စုစုပေါင်း ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၆ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကား ၄ စီးနှင့် ဆိုင်ကယ် ၃ စီး ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ