Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုရှိ စကစ ၃၈၀ တပ်ရင်းကို AA က သိမ်းပိုက်ထား၊ ကျန်တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေ

AB News – ဇန်နဝါရီ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည် မင်းပြားမြိုအခြေစိုက် စကစ ၃၈၀ တပ်ရင်း ၁ ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး ကျန်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

၎င်းတပ်ရင်း ၃ ခုအပါအဝင် ကျိန်းတောင်တပ်ကိုလည်း ရက္ခိုင့်တပ်တော်က ဝင်တိုက်နေစဥ် အကြမ်းဖက် စကစ အဖွဲက ဂျက်တိုက်လေယာဥ်ဖြင့် ၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ရက္ခိုင့်တပ်တော်က ၃၈၀ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသော တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံ တစ်ဦးက AB News သို ပြောသည်။

“AA က ၃၈၀ တပ်ရင်းကို သိမ်းလိုက်ပါပြီ၊ စကစဖက်ကလည်း လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတယ်၊ ကျိန်းတောင်အနားမှာဆိုရင် ဗုံးသံ လက်နက်ကြီးသံတွေပဲ ကြားနေရတယ်” ဟု ဆိုသည်။

ထိုအပြင် ရာမောင်တံတားအနီးရှိ စကစ အခြေချတပ်စွဲထားသည့် သင်္ချိုင်းတောင်ကုန်းတိုကိုလည်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်စတင်တိုက်ခိုက်နေကြောင်း AB News က စုံစမ်းသိရှိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား အများအပြားသေဆုံးလျက်ရှိသည့်အပြင် တောင်ကုန်းပေါ်မှ ဆင်းပြေးသူများလည်းရှိနေကြောင်း သိရသည်။

လက်ရှိတွင် မင်းပြားမြိုတွင်းမှ အနီးပတ်ဝန်းကျင်သို စစ်မီးကူးစက်လာခဲ့ကာ အထိနာကျဆုံးနေသော စကစအဖွဲက ဂျက်တိုက်လေယာဥ်အပါအဝင် ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ချို ပွဲချင်းပြီး သေဆုံးခဲ့သူ ရှိခဲ့သလို ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့ကြောင်း သိရသည်။

လက်ရှိသတင်းရေးသားနေချိန်အထိ  ၂ ဖက်စစ်ရေးပြင်းထန်နေသည့်အတွက်ကြောင့် ထိခိုက်သေဆုံးမှု ရှိ/မရှိကို AB News နောက်မှ တစ်စုတည်း ဖော်ပြသွားမည် ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ