
AB News – အောက်တိုဘာ ၂၀ ၊ ၂၀၂၅
ဆိုဖီ
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံ(တန်းလျှောက်ခံ)ကျေးရွာတွင် စစ်ကော်မရှင်တပ်မှ ထောင်ထားခဲ့သည့် စစ်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မူဆလင် လူငယ် ၂ ဦး သေဆုံး သွားကြောင်း သိရသည်။
သေဆုံးသွားသူ ၂ ဦးမှာ ဘူးသီးတောင်မြို့နယ် နနွင်းတူးကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ဆိုက်ဘူလာ နှင့် ကျောက်ဆိပ်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မာမောက်ဖိုက်ဆန်း တို့ဖြစ်ကြောင်း သိရသည်။
၎င်း မူဆလင်လူငယ် ၂ ဦးသည် ယမန်နေ့ အောက်တိုဘာ ၁၉ ရက် က ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံ (တန်းရှောက်ခံ) ကျေးရွာ အနောက်ဖက် မိတာ ၅၀၀ ခန့်အကွာတွင် ကျွဲကျောင်းနေစဥ် စစ်ကျန်ဗုံးသီးအား ခြေဖြင့် ထိမိရာမှ ပေါက်ကွဲသွားသောကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြီးသည့် အောက်တိုဘာလ ၁၈ ရက်ကလည်း စစ်ကော်မရှင်မှ ထောင်ထားခဲ့သည့် စစ်ကျန်မိုင်း အား နင်းမိ၍ မောင်တောမြို့ ၄ မိုင် တွင်နေသော ဟိန္ဒူအမျိုးသားတစ်ဦး ခြေတစ်ဖက် ပြတ်သွားခဲ့ကြောင်း သိရသည်။
ပုံစာ – ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲ၍ ဘူးသီးတောင်မြို့နယ်မှ မူဆလင်လူငယ် ၂ ဦး သေဆုံးခဲ့ရခြင်း။