
AB News – သြဂုတ် ၁၆၊ ၂၀၂၅
နွယ်စိုး
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို ပြန်ပိုခံရသည့် မြန်မာနိုင်ငံသားများကို စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းနေပြီး ငွေကြေးညှစ်ယူမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဖမ်းဆီးပြန်ပိုခံရသူများ၏ အခြေအနေ
ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်ခြင်းနှင့် အခြားပြစ်မှုများဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်း-မြန်မာနယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို ပြန်လည်လွှပြောင်းပေးနေကြောင်း သိရသည်။
ထိုသိုပြန်ပိုခံရသူ အများစုမှာ စစ်မှုထမ်းရန် စုဆောင်းခံနေရပြီး အချိုမှာ မိသားစုက ငွေပေး၍ ရွေးယူနေရကြောင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦးက AB News သို ပြောသည်။
“လေဆိပ်ရောက်တော့ ဘယ်ကလဲ၊ ဘယ်သွားမှာလဲ တန်းမေးတယ်ဗျာ။ ကျနော်ကလည်း သွားချင်တဲ့နေရာ ပြောလိုက်တယ်။ ဒါပေမဲ့ ဘာမှမပြောပဲ ကျနော့်မှာပါတဲ့ ပိုက်ဆံရော၊ ဖုန်းရော အကုန်ယူပြီး ခေါ်သွားတယ်။ နောက်တော့ ကျနော့် မိသားစုဆီ ဖုန်းဆက်ခိုင်းပြီး ပိုက်ဆံနဲ့ ရွေးခိုင်းလို လွတ်မြောက်လာတာပါ” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကလည်း ထိုင်းမှ ကော့သောင်းသို ပြန်ပိုခံရသော မြန်မာလူငယ်အချိုကို စစ်မှုထမ်းရန် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်မှုထမ်းဥပဒေနှင့် လက်ရှိပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် လုံခြုံမှုမရှိသော မြန်မာနိုင်ငံသားများကို ဖိအားပေး၍ ပြန်မပိုရန် ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများကို လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲအစည်းများက တိုက်တွန်းထားသည်။
မကြာသေးမီက ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး လွတ်ရက်စေ့သည့် မြန်မာနိုင်ငံသား ၉၉ ဦးကိုလည်း မြန်မာဘက်ခြမ်း ကော့သောင်းမြိုသို ပြန်လည်လွှပြောင်းပေးခဲ့ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၃၁ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ၁၆၂ ဦးကို ပြန်လည်လွှပြောင်းပေးခဲ့သည်။