Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်မှ ပုဒ်မ( ၁၇)ဖြင့်တရားစွဲဆိုခံထားရသည့် ကိုမောင်ချေအား ရုံးထုတ် တရားလိုပျက်ကွက်

ကျောက်တော်မြို့နယ်မှ ပုဒ်မ( ၁၇)ဖြင့်တရားစွဲဆိုခံထားရသည့် ကိုမောင်ချေအား ရုံးထုတ် တရားလိုပျက်ကွက်

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၁၅ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုမောင်ချေ(ခ)မောင်သက်စိုးအား ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုထပ်မံပျက်ကွက်ခဲ့သည်ဟုသိရသည်။

ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုမောင်ချေ(ခ) မောင်သက်စိုးကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က စစ်တွေမြို့နယ်တရားရုံးတွင် (၂၂) ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုမှာ တကြိမ်တခါမှ မရောက်ရှိသောကြောင့် ဇနီးဖြစ်သူမှာ လင်ယောင်္ကျားဖြစ်သူ၏ ထုတ်ရုံးမသွားဖြစ်ဟုပြောသည်။

“ကျမယောင်္ကျားကို ရုံးထုတ်တာအခုတစ်ခါနဲ့ဆို ၂၀ ကျော်ပါပြီ တရားလိုဖက်က တစ်ကြိမ်တခါမှမရောက်ခဲ့ပါ ကျမလည်းရုံးထုတ်ကိုမသွားဖြစ်ဘူး ကျမယောက်ျားကို အပြစ်ရှိရင်လည်း အမြန်စစ်ဆေးပေးလိုပါတယ်၊ အပြစ်မရှိရင်လည်း လွှတ်လိုပေးတယ်” ဟုပြောသည်။

ကိုမောင်ချေ(ခေါ်)မောင်သက်စိုးမှာ ကျောက်တော်မြို့နယ်၊ ပေါက်ဝကျေးရွာ ချောင်းဖျားရပ်ကွက်မှဖြစ်ပြီး ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့်အတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ကန်စောက် တပ်ရင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်တွင် စစ်ကောင်စီက ထိုသူ ၂ ဦးအား စစ်တွေမြို့ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကိုမောင်ချေ (ခ) ကိုမောင်သက်စိုးကို မတရားအသင်းဆက်သွယ်မှု ဥပေဒ ပုဒ်မ ၁၇ (၁)ဖြင့်တရားစွဲဆိုကာ၊ ဦးလှမောင်သန်းကို စစ်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၃၁ ဖြင့်ပါ ထပ်တိုးတရားစွဲဆိုခဲ့သည်။

ထိုသို့ ပုဒ်မ ၂ ခုဖြင့်တရားစွဲဆိုခံထားရသည့် ဦးလှမောင်သန်းမှာ လွတ်ငြိမ်းချမ်းသာဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကိုမောင်သက်စိုးမှာ မလွတ်မြောက်လာသေးဘဲ ဆက်လက် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် AA နှင့် ဆပ်စပ်ဖမ်းဆီး တရားစွဲဆိုခံထားရသူများကို စစ်ကောင်စီက ထောင်ချခြင်းများ ရှိလာနေပြီး အမှုအများစုမှာ စကစ ဖက်မှ တရားလိုမရောက်ဘဲ အချုပ်ထောင်များတွင် လရှည်စွာ ချုပ်နှောင်ခံထားကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ