
AB News – သြဂုတ် ၁၅၊ ၂ဝ၂၅
ချန်ဒြာ
MNDAA က ကိုးကန့်ခရိုင်တွင် စီးပွားရေးနှင့် အခွန်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းသင်တန်းတစ်ခုကို သြဂုတ်လ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို ကိုးကန့်ခရိုင်မှ ဒုတိယခရိုင်မှူး Mr. Zhao De Xiang နှင့် Mr. Yi Jian Guang တိုအပါအဝင်၊ ခရိုင်အုပ်ချုပ်ရေးကော်မတီမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာများနှင့် မြိုနယ်/ကျေးရွာအုပ်စုများမှ သင်တန်းသား ၃၉ ဦး တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယခရိုင်မှူး Mr. Yi Jian Guang က ဘဏ္ဍာရေးလုပ်ငန်းသည် ဒေသအုပ်ချုပ်ရေး၏ အုတ်မြစ်ဖြစ်ပြီး၊ ဖွံဖြိုးတိုးတက်ရေးအတွက် အသက်သွေးကြောဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် ဘဏ္ဍာရေးလုပ်ငန်းသည် အထူးဒေသ၏ ဖွံဖြိုးတိုးတက်မှု၌ အရေးပါသည့် အဆင့်သို ရောက်ရှိနေပြီဖြစ်ပြီး၊ လုပ်ငန်းဆောင်တာများလည်း ချောမွေ့စွာ လည်ပတ်နေကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ထိုအပြင် ဘဏ္ဍာရေးရန်ပုံငွေများကို သိပ္ပံနည်းကျ ခွဲဝေသုံးစွဲခြင်း၊ ထိရောက်စွာ အသုံးပြုခြင်းနှင့် တင်းကျပ်စွာကြီးကြပ်ခြင်းတိုသည် အလွန်အရေးကြီးကြောင်းလည်း Mr. Yi Jian Guang က အလေးထား ပြောကြားခဲ့သည်။
ပြည်သူ့ရန်ပုံငွေများ စိတ်ချစွာလည်ပတ်နိုင်ရေး၊ အကျိုးအမြတ်အများဆုံးရရှိနိုင်ရေးနှင့် ပြည်သူ့ဘဝ ဖွံဖြိုးတိုးတက်ရေးကဏ္ဍများကို ဝန်ဆောင်မှုပေးနိုင်ရေးအတွက် နိုင်ငံရေးအရ ရင့်ကျက်ပြီး လုပ်ငန်းကျွမ်းကျင်မှုရှိသည့် ဘဏ္ဍာရေးအရာရှိများ လိုအပ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကိုးကန့်ခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းတာတမံဦးစီးဌာနမှ ဒုတိယဌာနမှူး Mr. Yang Da Er က ဦးဆောင်ကျင်းပခဲ့သည်။