ABN-ဧပြီ ၁၇ ရက်
ဗမာလူမျိုးများလွတ်မြောက်ရေးတပ်တော်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြောင်း BPLA က ထုတ်ပြန်လိုက်သည်ကိုတွေ့ရသည်။
BPLA ကို ရက္ခိုင့်တပ်တော်နှင့်မဟာမိတ်အဖွဲ့အစည်းများက စစ်ပညာနှင့် စစ်စည်းကမ်းများနှင့်စစ်လက်နက်များ တပ်ဆင်ပေးခဲ့ပြီး လက်ရှိတွင် BPLAသည် မဟာမိတ်များနှင့် စစ်အာဏာရှင်အား အတူတကွ လက်တွဲ တော်လှန်တိုက်ပွဲဝင်လျက်ရှိသော တပ်ဖြစ်သည်။
BPLA သည် ဗမာလူမျိုး ကိုယ်စားပြုတော်လှန်ရေးတပ်တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်း နွေဦးတော်လှန်ရေးနှင့်အတူ ၂၀၂၁ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် တည်ထောင်သော တပ်ဖြစ်သည်။
မြောက်ပိုင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် BPLA ၏တပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှု၊ တော်လှန်ရေးစည်းကမ်းလိုက်နာမှုများကို တန်ဖိုးထား အသိအမှတ်ပြုကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
တခြားသော တော်လှန်ရေးအဖွဲ့အစည်းများကလည်း BPLA ၏ ၂ နှစ်မြောက်တပ်မွေးနေ့သို့ သဝဏ်လွှာများအသီးသီးပို့ပေးခဲ့ကြသည်ကိုတွေ့ရသည်။
![ရက္ခိုင့်တပ်တော်နှင့်မဟာမိတ်များက စစ်ပညာသင်ကြားပေးလိုက်သည့် BPLA ၂ နှစ်ပြည့်အခမ်းအနားပြုလုပ်၊ ညီနောင်မဟာမိတ်အဖွဲ့က BPLA အား တန်ဖိုးထား အသိအမှတ်ပြုကြောင်းဆို](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၁-26.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၂-25.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၃-24.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၄-20.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၅-12.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၆-10.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၇-9.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၈-8.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၉-8.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၁၀-6.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၁၁-5.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၁၂-5.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၁၃-3.jpg?resize=650%2C434&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/၁၄-2.jpg?resize=630%2C960&ssl=1)